Zawgyi
မနေ့က ကဲထားတဲ့အရှိန်ကြောင့် ကျတော့်အိပ်ရာစားရပါတယ်။
"နိုးပီလားညီလေး။ မနက်စာစားပီးမှ ပြန်ရအောင်လေ ။ ထ ။မျက်နှာသစ်လိုက်။"
ကိုမင်းနဲ့အတူ မနက်စာစားဖို့ သူတို့အဆောင်နားက လက်ဖက်ရည်ဆိုင်ကို ရောက်ခဲ့တယ်။
"ဒီဆိုင်လေးကသေးပေမယ့် အရမ်းစားကောင်းတာညီလေးရဲ့ ။ ဈေးလည်းချိုတယ်လေ။ အကိုတို့လို လခစားတွေအတွက်တော့ ဒီဆိုင်လေးက တကယ့် အဖိုးတန်လေးပေါ့ကွာ။"
ကိုမင်းက ရယ်ရယ်မောမောနဲ့ စကားတွေပြောပီး လက်ဖက်ရည်သောက်ဖို့မှာတယ်။
"အကို့အတွက် ပုံမှန်တခွက်နဲ့ ပလာတာတစ်ပွဲ။ ညီလေးဘာစားမလဲမှာလေ။ အကိုရှင်းမှာပါကွ။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။"
"ချိုစိမ့်တစ်ခွက်နဲ့ ထပ်တရာတစ်ပွဲ"
ကျတော်တို့စားစရာရှိတာတွေမှာပြီး ခနနေတော့ မုန့်တွေရောက်လာတာနဲ့ပဲ စကားမပြောဖြစ်ကြပဲ ငြိမ်ငြိမ်သက်သက်ပဲ စားသောက်ဖြစ်ကြတယ်။ထိုအချိန်....
"အမလေး...ရှာလိုက်ရတာကိုယ်တော်ချောတို့ရယ်။ ငါ့မှာအဆောင်လိုက်သွားတော့လည်း အဆောင်မှာမရှိ။ ဟူး........ဒီကတော့စိတ်ပူနေလိုက်ရတာ။ သူကတော့ မုန့်တွေစားနေတယ်ပေါ့ ။ ဟုတ်လား ငယ်။"
ဟုတ်ကဲ့ အားလုံးထင်တဲ့အတိုင်းပါပဲ။ စရောက်ကတည်းက ခရားရေလွှတ်တတွတ်တွတ်တွေပြောပီး ကျတော့်ခေါင်းလေးကိုပုတ်ပီး စလိုက်တာက ကျတော့်ရဲ့ဦးရယ်ပါ။
"ဟာ ကိုဗညား ဘယ်ကဘယ်လိုရောက်လာတာလဲအကို။ ကျတော်တောင်မှ ဥက္ကာငယ်ကိုမနက်စာကျွေးပီး လိုက်ပို့တော့မှာ။ အကို့ဆိုင်ကယ်ကိုလည်း ပို့ရင်းပေါ့။" ကိုမင်းက ဦးကိုနှုတ်ဆက်စကားပြောတယ်။
"ငယ်လေးကိုစိတ်မချလို့လာတာပါကွာ။ နောက်ပီး ပြောစရာလေးလည်းရှိလို့ပါ။"
ကျတော်ကသာ စကားတွေပြောနေရတာ ငယ်လေးက ဘာတခွန်းမှပြန်မပြောပဲ မျက်လုံးဝိုင်းလေးနဲ့ပဲ ပြူးကြည့်နေလေရဲ့လေ။
အဲ့ဒါတွေအူယားတာပဲ ကလေးငယ်။ မင်းလေးက လူတွေနဲ့ကို မရောနှောတတ်တာလား၊ ကိုယ်တစ်ယောက်ကိုပဲ မရောတာလား၊ ကြောက်တတ်တာလား၊ ဘာလေးလားကွာ။ စိတ်ရှိတိုင်းတာဆွဲညစ်ပစ်ရင် ခန္တာကိုယ်၀၀လေးတော့ ပေါက်ထွက်သွားတော့မှာပဲ။
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Short Storyလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...