Zawgyi
"ဆရာဝန်က ဘာပြောလဲ မောင်။" အိမ်ပြန်ရောက်ရောက်ချင်း ချစ်ဇနီးနှင်းနှင်းက မျှော်လင့်တကြီး တန်းမေးပါတယ်။
"အရာအားလုံးက ပုံမှန်ပဲတဲ့။ ခန္တာကိုယ်ရဲ့ဖွဲ့စည်းပုံမှာလည်း လိုအပ်ချက်ဘာမှမရှိဘူးတဲ့။ စိတ်ကြောင့်ဖြစ်နေတာလို့တော့ မှတ်ချက်ချပေးတယ်။ စိတ်ရောဂါအထူးကုတစ်ယောက်နဲ့လည်း ချိတ်ဆက်ပေးလိုက်တယ်။ မောင်လည်း စိတ်ညစ်လာပြီ နှင်းရယ်။" မင်းထင်လည်း စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ပြီး ညည်းညူစွာပြောလိုက်တယ်။
"စိတ်ညစ်ပါတယ် မောင်ရယ်။ နှင်းသားလေးကို မကယ်နိုင်တော့ဘူးလား။ ဟင့် ဟင့်..." နှင်းနှင်းလည်း ပြောရင်း မျက်ရည်များဝဲလို့လာပါတော့တယ်။
"ဆရာပြောသလို စိတ်ကျန်းမာရေးဆရာဝန်နဲ့ကြည့်ကြမလား နှင်း"
"နှင်းသားလေးက အရူးမှမဟုတ်တာ။ နောက်ပြီး စိတ်ထိခိုက်လို့ဖြစ်တယ်ပြောရအောင်လည်း မွေးကတည်းက ဖြစ်နေတာလေမောင်ရဲ့။ ရုတ်တရက်ဖြစ်သွားတာမှမဟုတ်တာ။
သားလေးက ကျောင်းထားရမယ့်အရွယ်ရောက်နေပြီ။ ဒီတိုင်းတာဆို ပညာရေးကိုလည်း ဘယ်လိုဆက်လုပ်ရမလဲမသိဘူး။ သားလေးရှေ့ရေးကို စိတ်မောလိုက်တာ မောင်ရယ်။"
မျက်ရည်တလည်လည်နဲ့ပြောနေတဲ့ ဇနီးဖြစ်သူကိုကြည့်ရင်း မင်းထင် သက်ပြင်းချလိုက်မိတယ်။
...........
ကျတော်နာမည်က မင်းထင်ကိုကိုမောင်ပါ။ အသက်ကတော့ ၂၅နှစ်ရှိပြီဖြစ်ပြီး သားလေးတစ်ယောက်နဲ့အတူ ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ ဖခင်ဖြစ်သူကတော့ ကျတော်လူမှန်းသိတက်စအရွယ်ကတည်းက Car Accident တစ်ခုနဲ့ ဆုံးပါးသွားတာဖြစ်ပြီး မိခင်ဖြစ်သူကတော့ စိတ်ကျန်းမာရေးတစ်ချို့ကြောင့် ကျတော်တို့မောင်နှမ၂ယောက်ကို အုပ်ထိန်းခွင့်မရခဲ့ပါဘူး။
မိခင်ရဲ့စိတ်ကျန်းမာရေးဟာလည်း ဖခင်ဆုံးပါးပြီး၃လလောက်နေတော့ ပြန်ကောင်းသွားပေမယ့်လည်း ကျတော်တို့ရဲ့အုပ်ထိန်းခွင့်ကို ဘာကြောင့်မှန်းမသိ၊ အဘွားဆီက ပြန်မယူခဲ့ပါဘူး။ ကျတော်တို့မောင်နှမ၂ယောက်က အဘွားဖြစ်သူရဲ့အုပ်ထိန်းမှု၊ ဖခင်ကြီး၏ အမွေများဖြင့် ကောင်းမွန်စွာကြီးပြင်းလာခဲ့ရတာပါ။
YOU ARE READING
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
סיפור קצרလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...