Zawgyi
မေလေးတစ်ယောက်ခြံထဲဆင်းရင်း မနေ့ကကောင်လေးပြောတဲ့စကားတွေ နားထဲပြန်ကြားနေမိတယ်။
..........
မနေ့ကပွဲရုံတွင်မေလေးထိုင်ပြီးအလုပ်လုပ်နေတုန်း
"အမရေ။ ကျတော်ဒေါ်နန်းမိုးသားပါခင်ဗျ။ အမေက အမပွဲရုံမှာ ပစ္စည်းမှာထားတာဆိုလို့ဝင်သယ်တာပါခင်ဗျ။" လူလတ်အရွယ် လူရည်သန့်ကောင်လေးတစ်ယောက်က လာပြီးနှုတ်ဆက်တယ်။
"သြော်...အေးအေး။ အမနန်းမိုးသားက လူချောလေးပဲ။ ကဲငါ့မောင်ခနထိုင်စောင့် ၊ အမကောင်လေးတွေကိုတင်ခိုင်းလိုက်မယ်။ ရှေ့ကကားပေါ်ပဲတင်ရမှာမလား။" ကျမလည်း ကောင်လေးကိုစကားဧည့်ခံရင်း အလုပ်သမားတွေကို ကားပေါ်ပစ္စည်းတင်ခိုင်းလိုက်တယ်။
"ဘာသောက်ဦးမလဲမောင်လေး။ အပူလား၊ အအေးလား။" ဈေးရောင်း၊ ဈေးဝယ်လုပ်နေရတဲ့သူဆိုတော့လည်း လောကွတ်လေးတွေ လုပ်ပေးရတာပေါ့။
"ရပါတယ်အမ။ နေပါစေ။ ကျတော်စားခဲ့ပါတယ်။ ဒါပေမယ့်အမကိုတော့ ကျတော်အေးအေးဆေးဆေးစကားပြောချင်သေးတယ်ဗျ။ အမအချိန်အနည်းငယ်လောက်ရရင် ကျတော့်ကိုပေးနိုင်မလား။"
"အားနာစရာတွေတော့ဖြစ်ကုန်ပြီငါ့မောင်ရယ်။ အမလည်းအလုပ်ကတစ်ဖက်၊ ကလေးဝေယျာဝစ္စတွေကတစ်ဖက်ဆိုတော့ အချိန်ပိုဆိုတာနည်းတယ်ကွယ့်။" ဘယ်လောက်ပဲဖောက်သည်ရဲ့သားဖြစ်နေပါစေ ကျမကတော်ရုံလူဆို အရောမ၀င်တက်တော့ တစ်ခါတည်းရှင်းသွားအောင်အပြတ်ငြင်းပစ်လိုက်တယ်။ ကျမရဲ့ဘ၀မှာ ကျမရဲ့အလုပ်၊ မိသားစု၊ ကို၊ ပြီးတော့သားနဲ့သမီး ဒါတွေကလွဲရင် ကျန်တာတွေဟာ အရေးမပါပါဘူး။
"သြော်... အားနာစရာမလိုပါဘူးအမရယ်။ ကျတော်ကတောင်ပြန်ပြီးအားနာရမှာပါ။ အမအား၊မအားမသိဘဲ ကျတော်ကကိုဗညားအကြောင်းတွေကို ဇွတ်ပြောချင်သလိုဖြစ်နေပြီ။" ကောင်လေးက ကို့အကြောင်းလို့ပြောလိုက်တဲ့အချိန်မှာ ကျမရင်ထဲစိုးရိမ်စိတ်တချို့ဖြတ်ပြေးသွားတယ်။ ကိုအခုတလောခြေငြိမ်နေတာဟာ စိတ်ချမ်းသာစရာဆိုပေမယ့် ဒီလိုမျိုးအတည်ပေါက်ကြီးတစ်ခုခုကိုကြားလိုက်ရတော့ ချက်ချင်းလက်ငင်းသိချင်စိတ်တွေလည်း ထိန်းမရအောင်ဖြစ်လာတယ်။ ဒါပေမယ့်
CZYTASZ
ငါတို့ဝေးသွားရင်........ပြန်မဆုံဖြစ်ကြရင် (Completed 🤍)
Krótkie Opowiadaniaလွန်ခဲ့တဲ့ ၁၅နှစ်က ဖြစ်ရပ်လေးကို အခြေခံထားတာမို့ တချို့အရာလေးတွေက လက်ရှိနဲ့ နည်းနည်းကွာခြားနေပါမယ်။ နောက်ပြီး ကျမကစာရေးဆရာမဟုတ်ပါဘူး။ ဒီအကြောင်းလေးကိုနားထောင်ခဲ့ရတာလည်း ၁၅နှစ်တောင်ကြာသွားပီဆိုတော့ နေရာတွေ အချိန်တွေ သီချင်းတွေက လွဲကောင်းလွဲနိုင်ပါတယ်...