Zawgyi
...............တည်းတဲ့ဟော်တယ်ကိုပြန်ရောက်တော့မှ
ရှောင်းကျန့်အင်္ကျီကြယ်သီးမှာငြိနေတဲ့ အရုပ်ဆံပင်တွေကို
ရိပေါ်သေချာဖြည်ပေးလို့ရတယ်။
ပထမ စိတ်မရှည်လို့ ကတ်ကြေးနဲ့ညှပ်ချမယ်လုပ်သေးသည်၊
ရှောင်းကျန့်ကလက်မခံ။
အရုပ်တွေကိုတန်ဖိုးထားတတ်သူပီပီ နှမြောလို့တဲ့။ရိပေါ် ရှောင်းကျန့်ရဲ့အင်္ကျီကြယ်သီးတွေချွတ်ပေးရင်း
မေးလိုက်တယ်'ကျန့်ကော....တကယ်ကြီး ဒီအရုပ်ကြီးယူသွားဖို့စဉ်းစားနေတာလား'
ရှောင်းကျန့်က ရိပေါ်ခါးကိုပွေ့ဖက်ရင်း ပြန်မေးတယ်
'ယူမလားလို့လေ....ဘာဖြစ်လို့လဲ'
'အာ...ကျန့်ကောကလည်း အရုပ်ကသေးသေးမွှားမွှားလည်းမဟုတ်ဘူး သယ်ရပြုရအလုပ်ရှုပ်ဦးမယ် ၊
ပြီးတော့ ကျန့်ကောအရုပ်တွေလိုလည်းမဟုတ်ဘူး တစ်မျိုးကြီးပဲ'ရှောင်းကျန့်ကိုပြောရင်း ရိပေါ်လက်တွေကလည်း
အင်္ကျီချွတ်ပေးနေတာကိုမရပ်စေရ...။'ဒါဆို မင်းဘာလို့ယူလာသေးလဲ..၊ မင်းပဲယူလိုက်တာလေ'
'အဲ့ဒါက မြန်မြန်ပြီးအောင် ပြီးပြီးရော ယူလိုက်တာ၊
ဟိုတယ်ရောက်မှ လွှင့်ပစ်လည်းရတယ်ဆိုပြီးတော့'ရှောင်းကျန့် ခုတင်ပေါ်ပစ်တင်ထားတဲ့အရုပ်လေးကို
တစ်ချက်လှမ်းကြည့်လိုက်သည်။
ပြီးတော့ အရုပ်ဆီလျှောက်သွားပြီးပွေ့ချီလိုက်တယ်။
ဒီတစ်ခါတော့ ငြိစရာအင်္ကျီကြယ်သီးမရှိတော့ဘူး...
ရေချိုးမလို့ ရိပေါ်ကအင်္ကျီချွတ်ထားပေးပြီးပြီ။
အရုပ်ကိုပွေ့ရင်း ရိပေါ်ဘက်လှည့်ပြောလိုက်တယ်'ကြည့်ပါဦး...အရုပ်ကလေးက တော်တော်လှတာကွ
လက်ရာကတကယ့်ကိုအနုစိတ်၊ နှမြောစရာကြီးကွာ
ယူသွားကြရအောင်နော်...ရိပေါ်'ရိပေါ်ကနှုတ်ခမ်းစူပြီး အရုပ်ကိုစိုက်ကြည့်နေသေးတယ်...
ပြီးမှ ဟင်းခနဲသက်ပြင်းချပြီး စိတ်ရှုပ်နေသလိုမျိုး
ခေါင်းမော့ကာ ဆံပင်တွေကိုဖွပစ်သည်။