Zawgyi
...............'ကျန့်ကော...ကျောပိုးအိတ်လွယ်ခဲ့လိုက်တော့
ကျွန်တော် ရေသန့်ဘူးကတ်သယ်သွားလိုက်တော့မယ်''အင်း...မင်း အောက်ဆင်းနှင့်
ငါအခန်းတံခါးပိတ်ခဲ့မယ်'မနက်မိုးမလင်းသေးဘူး...ရိပေါ်နဲ့ရှောင်းကျန့်ကတော့
အလုပ်ကြိုးစားတဲ့ပုရွက်ဆိတ်လေးတွေလို လှုပ်စိလှုပ်စိနဲ့။
ဟွားတောင်နေ့ချင်းပြန်ခရီးအတွက်
သူတို့နှစ်ယောက်မိုးမလင်းခင်စောစောထွက်ကြရမည်။ရိပေါ် ကားကိုညကတည်းကစစ်ထားပြီးသား။
ကားထဲ ရေသန့်ဘူးကတ်ထည့်ပြီးတော့
ရှောင်းကျန့်တိုက်ပေါ်ကဆင်းလာတာကို
လှမ်းကြည့်လိုက်သည်။
လိုအပ်တဲ့ပစ္စည်းတချို့နဲ့အစားအသောက်တွေထည့်ထားတဲ့
ကျောပိုးအိတ်လေးလွယ်ပြီး အရုပ်မကိုပိုက်လို့
အောက်ဆင်းလာတဲ့ရှောင်းကျန့်။ရိပေါ်က ရှောင်းကျန့်ကို ကားတံခါးစောင့်ဖွင့်ပေးသည်။
ရှောင်းကျန့်ခုံမှာဝင်ထိုင်ပြီးမှ
ရိပေါ် ရှောင်းကျန့်လက်ထဲကအရုပ်မကိုယူပြီး
ကားအနောက်ခုံသို့သွားထည့်လိုက်သည်။
မနက်စောစောအိပ်ချင်စိတ်မပြေလို့လား...၊
ကိုယ့်အကြံနဲ့ကိုယ် စိတ်လှုပ်ရှားပြီး
အသက်ပြင်းပြင်းရှူမိတာလား.....၊
အရုပ်မကိုပွေ့ကိုင်လာတဲ့ သူ့လည်ပင်းနား
အသက်ရှူလိုက်သံလိုလို...လေတိုးသွားသလိုလို
ဖျတ်ခနဲအေးစိမ့်သွားတယ်။
ရိပေါ်စိတ်ခပ်လောလောနဲ့ပဲ အရုပ်မကို
ကားနောက်ခုံသို့အမြန်ထည့်လိုက်သည်။ကားကို ရိပေါ်ကိုယ်တိုင်ပဲမောင်းလာပြီး
ရှောင်းကျန့်ကိုသက်တောင့်သက်သာနေစေတယ်။
ချစ်သူဘဝတုန်းက ဟွားတောင်အမှတ်တရတွေရှိခဲ့သဖြင့်
အိမ်ထောင်သည်ဘဝ တစ်ကျော့ပြန်ခရီးက
တစ်မျိုးတစ်ဖုံတော့စိတ်လှုပ်ရှားစရာ။
နှစ်ယောက်စလုံး လန်းဆန်းတက်ကြွပြီး
ပျော်ရွှင်နေကြသည်။
မိုးမလင်းသေးသဖြင့် မြို့ထဲမှာလည်း
ကားပိတ်နေတာဘာညာမရှိ။
ဟွားတောင်သွားရာ မြို့ပြင်ဘက်သို့
ခပ်မှန်မှန်လေးသာမောင်းလာသည်။