Zawgyi
................ရိပေါ် ရှောင်းကျန့်ကိုချီထားရင်းနဲ့ပဲ
စတွေးတစ်ချက်မျိုချသည်။
အရုပ်မဆီကနေ ရိပေါ်အကြည့်လွှဲလိုက်တယ်။
အရုပ်နဲ့လူပဲ...သူဘာကိုမှုရမှာလဲ၊
ပြန်ရောက်တော့လည်း ရောက်နေတယ်ပေါ့။
ဘာကိုမှသတိမပြုမိယောင်နဲ့ပဲ
အရုပ်မရှေ့ကနေဖြတ်လျှောက်လာတယ်။
ရိပေါ် တုန်ယင်ချင်နေတဲ့ခြေတွေ၊လက်တွေကို
အသာထိန်းပြီး ရှောင်းကျန့်ကိုချီထားလျက်သားနှင့်ပင်
အိပ်ခန်းထဲဝင်၍ ဂျက်ချလိုက်သည်။အခုထိမနိုးလာသေးတဲ့ရှောင်းကျန့်ကို
ရိပေါ် အိပ်ယာပေါ်အသာပွေ့တင်သည်။
ကျောပိုးအိတ်တွေဘာတွေချပြီး ကုတင်စွန်းမှာထိုင်ကာ
ရိပေါ်စဉ်းစားနေမိတယ်။
သူ ရှေ့ဆက် ဘာလုပ်ရပါ့မလဲ..။'ကျန့်ကော...ကျန့်ကော'
ရိပေါ်လှုပ်နှိုးတာ နည်းနည်းကြာတော့
ရှောင်းကျန့် လူးလွန့်ပြီး မျက်လုံးပွင့်လာသည်။'အင်း....'
'ကျန့်ကော... ထတော့
ကျွန်တော်တို့အိမ်ပြန်ရောက်နေပြီ''ဟင်... ပြန်ရောက်နေပြီလား...'
ရှောင်းကျန့်က ထိုင်နေတဲ့ရိပေါ်ပေါင်ပေါ်ခေါင်းတင်လျက်
ခါးကိုဖက်ပြီးတိုးဝှေ့နေသည်။'ကျန့်ကော...ညောင်းညာပြီး နုံးချိနေတယ်မလား
အကြောအချင်တွေပြေသွားအောင် ရေချိုးကြမယ်''အင်း'
ရှောင်းကျန့်က မျက်စိမဖွင့်ဘဲ ခေါင်းပဲညိတ်ပြနေသည်။
ရေချိုးခန်းထဲမှာ ရေချိုးဖို့အကုန်ပြင်ဆင်ပြီးမှ
ရိပေါ် ရှောင်းကျန့်ကိုပွေ့ချီခေါ်လာလိုက်သည်။
ရေချိုးကန်ထဲရေစိမ်နေကြရင်း ရိပေါ်ကရှောင်းကျန့်ကိုမေးသည်။'ကျန့်ကော... ဗိုက်ဆာလား
ညစာစားဦးမလား''နည်းနည်းပဲဆာတယ်...ဒါပေမယ့် မစားချင်တော့ဘူး
ရေချိုးပြီး အိပ်ကြရအောင်... မင်းရော ဆာလို့လား'