Ch- [20]

6.8K 1.2K 121
                                    

Zawgyi
..............

ရိ​ပေါ်ရဲ့​အောက်​မှာ ​ချွေးသီး​ချွေးစက်​​လေး​တွေနဲ့
ဆွဲ​ဆောင်​မှုရှိရှိ ယစ်​မူး​နေတဲ့​ရှောင်းကျန့်​ရှိတယ်​။
ရှောင်းကျန့်​ရဲ့​ဖြောင့်​စင်းရှည်​သွယ်​တဲ့​ခြေတံ​တွေကြား
ခါးက​နေဆွဲမလို့​နေရာယူ​နေတဲ့ရိ​ပေါ်။
အရာအားလုံးချိန်​သားကိုက်​လို့ လှုပ်​ရှားမှုစ​တော့မယ့်အချိန်
ပြဿနာဟာ ခြေရင်းကကိုယ်​လုံး​ပေါ်မှန်​ကြီးဆီ
ရိ​ပေါ်တစ်​ချက်​လှမ်းကြည့်​မိရာက စတယ်​။
ဒီလိုဆက်​ဆံ​နေတဲ့အချိန်​မှာ သူတို့လှုပ်​ရှား​နေတဲ့ပုံရိပ်​ကို
မှန်​ထဲက​နေပြန်​မြင်​ရတာ ​ယောက်ျား​တွေရဲ့အာသီသတစ်​မျိုးပဲ။
ဒါ​ပေမယ့်​ မှန်​ထဲမှာ ရိ​ပေါ်မြင်​လိုက်​ရတာက
ရှောင်းကျန့်​ကိုရစ်​သိုင်း​နေတဲ့ အခိုးအ​ငွေ့လိုအရိပ်​မည်း​တွေ။
သူ့မျက်​လုံးများမှားသလားဆိုပြီး မျက်​စိမှိတ်​တစ်​ချက်​ခါလိုက်​ပြီး
မှန်​ထဲကို​သေချာပြန်​ကြည့်​မိသည်​။

ဟုတ်​တယ်​....တကယ်​အရိပ်​မည်း​တွေ။
ရိ​ပေါ်ရဲ့​အောက်​မှာ ​ခေါင်း​လေးကိုခပ်​​မော့​မော့လုပ်​လို့
မျက်​စိမှိတ်​လျက်​ ငံ့လင့်​​နေတဲ့​ရှောင်းကျန့်​ကိုယ်​မှာ
အခိုးအ​ငွေ့အရိပ်​မည်း​တွေက ရစ်​ပတ်​သိုင်းခြုံ​နေသည်​။
ရိ​ပေါ် ​ရှောင်းကျန့်​ခါးကိုကိုင်​ထားတဲ့လက်​​တွေ​လျောကျသွားပြီး ​အောက်​ကိုငုံ့ကြည့်​​တော့
ဝါးပင်​​လေးလိုရှင်းသန့်​​ချော​မောတဲ့​ပကတိ​ရှောင်းကျန့်​။
မည်​သည့်​အရိပ်​အမည်းအမှုန်​အမွှားပင်​မရှိ။
အဝါ​ရောင်​ခပ်​လင်းလင်းမီး​ရောင်​​အောက်​မှာ
ဒီအရာ​တွေကိုမြင်​​နေရတာ တကယ်​ထိတ်​လန့်​စရာပဲ။
မှန်​ထဲကြည့်​လိုက်​၊ ​အောက်​က​ရှောင်းကျန့်​ကိုငုံ့ကြည့်​လိုက်​နဲ့
ရိ​ပေါ်အသက်​ရှူ​တွေကြပ်​လာတယ်​။

အချိန်​တစ်​ခုကြာတဲ့အထိ တစ်​စုံတစ်​ရာ​ရှေ့ဆက်​မတိုးလာတာကြောင့်​ ​ရှောင်းကျန့်​မျက်​လုံး​တွေပြန်​ပွင့်​လာသည်​။
သူ့အ​ပေါ်မှာ ​ချွေး​စေး​တွေနဲ့ငြိမ်​ပြီး
အသက်​ပြင်းပြင်းရှူ​နေတဲ့ရိ​ပေါ်။

Don't save [Completed]Where stories live. Discover now