Zawgyi
...............ညကကောင်းကောင်းအိပ်မပျော်ခဲ့တဲ့အတွက် မနက်အိပ်ယာနိုးတော့ ရိပေါ်တစ်ယောက်ခေါင်းတွေကိုက်ပြီး မျက်လုံးတွေလည်းကျိန်းစပ်နေသည်။ အလုပ်သွားရဦးမယ်ဆိုတဲ့စိတ်နဲ့ မျက်စိကိုကြိုးစားဖွင့်တော့ သူ့ရှေ့မှာမြင်နေရတာက ရှောင်းကျန့်ရဲ့မျက်နှာရှင်းသန့်သန့်လေး။ သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေတဲ့ရှောင်းကျန့်ကိုရင်ခွင်ထဲဆွဲယူပြီး အားနဲ့ဖျစ်ညှစ်ပစ်လိုက်သည်။
" အ "
နည်းနည်းကြမ်းတော့နာသွားလို့ထင်သည်၊ ရှောင်းကျန့်ဆီကအသံလေးထွက်လာပြီး ခေါင်းလေးတစ်လှုပ်လှုပ်နဲ့မျက်စိဖွင့်လာတယ်။ သူ့ကိုတစ်ချက်မော့ကြည့်တယ် ပြီးတော့ ရင်ခွင်ထဲဇွတ်ပြန်တိုးကာ ခါးကိုကျစ်နေအောင်ဖက်ထားတော့သည်။
မွ မွ မွ မွ..။
မျက်နှာအနှံ့အနမ်းတွေပေးတော့ မျက်စိမဖွင့်ဘဲ နှုတ်ခမ်းအောက်ကမှဲ့လေးထင်းလာတဲ့အထိပြုံးရယ်ပြတယ်။ ပြီးတော့ နှုတ်ခမ်းစူထားသည်၊ ဆိုလိုတာက အဲ့ကိုလည်းနမ်းပါပေါ့။ ရိပေါ်တစ်ယောက် သဘောကျလိုက်တာဆိုတာလေ...။ ဒီရက်ပိုင်းမုန်တိုင်းက တိုက်ခတ်မစဲတသဲသဲဖြစ်နေခဲ့တာမလား။ အခုလိုမုန်တိုင်းပြီးလို့လေပြေလာတဲ့အချိန်က တကယ်သာယာတာပဲ။
" အလုပ်သွားရမှာမလား၊ နောက်ကျမယ် ထတော့လေ "
နည်းနည်းလည်ချောင်းခြောက်နေတဲ့ အသံခပ်အက်အက်လေးနဲ့အိပ်ယာနိုးခါစရှောင်းကျန့်ကမေးတော့ ရိပေါ်အသံပြုပြီးပြန်ဖြေတယ်။
" အင်း၊ ပြီးတော့ ကျွန်တော်ဗိုက်အရမ်းဆာနေပြီ "
အခုမှမျက်စိပွင့်လာတဲ့ရှောင်းကျန့်က ရိပေါ်ရဲ့လည်စိထင်းထင်းလေးကို မွမ့်ခနဲတစ်ချက်နမ်းသည်။ ပြီးတော့ ရိပေါ်ပါးလေးကို လက်တစ်ဖက်နဲ့အုပ်ကိုင်ပြီးပြောတယ်။