Zawgyi
................'Daddy...'
ခေါ်သံကြားလို့ ရှောင်းကျန့်အနောက်လှည့်ကြည့်တော့
ဘာကိုမှသေသေချာချာမမြင်ရ။
မြူတွေမြောလွင့်သလို ခပ်ဝါးဝါးနဲ့ဒီနေရာကို သူသိတယ်။'ပွန်တွန်..'
ဟုတ်တယ်..၊ သူထင်တဲ့အတိုင်းပဲ ပွန်တွန်။
မြူတွေကြားထဲကနေ ပွန်တွန်က သူ့ဆီပြေးလာနေသည်။'Daddy....'
ရွှင်လန်းမြူးကြွနေတဲ့အသံလေးနဲ့
တခစ်ခစ်ရယ်ရင်း သူ့ကိုပြေးဖက်တဲ့
အင်္ကျီအဝါရောင်လေးနဲ့ ကလေးလေး။
ရှောင်းကျန့်ကလည်း သူ့ဆီပြေးလာနေတဲ့ကလေးမလေးကို
ဆီးကြိုပွေ့ချီလိုက်သည်။'အိုက်ယိုး....ဘာလို့ပြေးလာတာလဲ..ဖြည်းဖြည်း'
ပွန်တွန့်ရဲ့လည်ပင်းလေးကို ရှောင်းကျန့်က
တရှုံ့ရှုံ့နဲ့နမ်းတော့ ကလေးမလေးကယားပြီး တခစ်ခစ်နဲ့ရယ်သည်။'Daddy ယားတယ်... Daddy'
ကလေးမလေးက ယားသဖြင့် သူ့လည်ပင်းကို
ရှောင်းကျန့်နမ်းလို့မရအောင် ခေါင်းကလေးဟိုဘက်စောင်း၊
ဒီဘက်စောင်းနဲ့ ကာကွယ်လေသည်။
လက်သေးသေးလေးနှစ်ဖက်နဲ့လည်း
ရှောင်းကျန့်သူ့ကိုနမ်းလို့မရအောင် တွန်းထားသေးတယ်။'Daddy...Daddy'
ပွန်တွန်က သူ့ကိုတစ်ခုခုပြောချင်တဲ့ပုံနဲ့ ခေါ်နေတော့
ရှောင်းကျန့် ကလိထိုးနေတာကိုရပ်လိုက်သည်။'အင်း..'
'Daddy... ပွန်တွန့်ကို ချစ်လား'
ရှောင်းကျန့်က ပွန်တွန့်ရဲ့ပါးဖောင်းလေးတွေထဲ
သူ့ရဲ့နှာခေါင်းချွန်ချွန်လေးနစ်ဝင်သွားတဲ့အထိ
မွှေးမွှေးပေးရင်းဖြေသည်။'ချစ်တာပေါ့... ရွှတ်
ချစ်တာပေါ့... ဒီလောက်ချစ်စရာကောင်းတဲ့ကလေးလေးကို'ရှောင်းကျန့်ကလည်း ပွန်တွန့်ကိုချီထားတာကို
မချပေးသေးဘဲ ပွန်တွန့်ဆံပင်ပျော့ပျော့လေးတွေကို
လက်တစ်ဖက်နဲ့ သပ်ပေးရင်းမေးတယ်။