Zawgyi
...............မနေ့ညက အဖြစ်အပျက်ကြောင့်
ရိပေါ်စိတ်တော်တော်ရှုပ်နေသည်။
ကျန့်ကော ဘယ်အချိန်အရုပ်မကိုယူလာတာလဲ သူမသိဘူး။
အရုပ်မကိုဖက်အိပ်နေတဲ့ရှောင်းကျန့်ကိုမြင်တော့
ရိပေါ်စိတ်ပေါက်ပေါက်နဲ့ အရုပ်မကိုဆွဲယူကာ
အခန်းပြင်ပစ်ထုတ်လိုက်ပြီး တံခါးပိတ်အိပ်လိုက်သည်။မနက်မိုးလင်းတော့ သူ့အရင်ထတဲ့ကျန့်ကောက
အော်ပါလေရော။'ဝမ်ရိပေါ်... မင်း ပွန်တွန့်ကို ဘာလုပ်ထားတာလဲ´
ရိပေါ် အိပ်ယာထဲကနေ စိတ်တိုတိုနှင့်ပြန်အော်သည်။
'ဘာလဲ...ဘာလဲ´
အိပ်ယာနိုးတဲ့အထိတောင်မစောင့်နိုင်ဘူး၊
အော်လား ဟစ်လားလုပ်နေတဲ့ကျန့်ကောကြောင့်
ရိပေါ်မနက်စောစောစိတ်မကြည်လင်တော့။ရှောင်းကျန့်က ပွန်တွန့်ကိုယူကာ အခန်းထဲပြန်ဝင်လာပြီး
ရိပေါ်ဖင်ကို သုံးလေးချက်ရိုက်တယ်။'အရူးကောင်၊ ဒီပွန်တွန့်ကိုပဲ ပြဿနာရှာနေတယ်
အင့်...အင့်´ပြောရင်း ဆိုရင်း တဖက်ဖက်ရိုက်နေတော့ ရိပေါ်စိတ်မရှည်တော့။
ဝုန်းခနဲထပြီး ရှောင်းကျန့်လက်ထဲက အရုပ်မကိုယူကာ
အခန်းအပြင်ထပ်လွှင့်ပစ်လိုက်သည်။
ရှောင်းကျန့်ကိုလည်း လက်ကောက်ဝတ်ကနေဆောင့်ဆွဲချပြီး
နှုတ်ခမ်းပေါက်တဲ့အထိကိုက်ကာ ချုပ်နမ်းပစ်တယ်။'အဘိုးကြီး...ခင်များတော်တော်သတ္တိကောင်းနေပါလား
အရုပ်မကြောင့် ကျွန်တော့်ကိုတောင်ရိုက်နေပြီပေါ့လေ´'ငါ မင်းကိုဘယ်နှခါပြောရမလဲ
ပွန်တွန်က ငါတို့ကလေးလေးပါဆိုနေမှ
မင်းကောင်းကောင်းဆက်ဆံပေးလို့မရဘူးလား´'မရဘူး...ခင်များ အရူးမထနဲ့
မနေ့ညကလည်း ဘယ်အချိန်အရုပ်မကို
ကျွန်တော်မသိအောင် လှစ်ခနဲယူလာလည်းမသိဘူး
ကိုယ့်ယောက်ျားကျကျောပေးပြီး အရုပ်မဖက်အိပ်နေတယ်
တော်တော်ကောင်းတယ်...ဟုတ်လား´