Zawgyi
................အနီရောင်အဆင်အယင်များနှင့် တိတ်ဆိတ်နေသော
အခန်းတစ်ခုတွင် မျက်နှာချင်းဆိုင်ရပ်နေရာမှ
ပါးချိုင့်ရေးရေးဖြင့်မျက်တောင်ခပ်ရှည်ရှည်ကြားကနေ
သူ့ကိုခပ်ဖွဖွပြုံးပြနေသောရှောင်းကျန့်။'ရေသန့်စင်ခြင်းဓလေ့ကိုဆက်ကြရအောင်'
ရိပေါ်ရဲ့တိုင်ပင်စကားအဆုံးမှာ
နှစ်ယောက်သား ဘေးနားမှရေကြည်သန့်သန့်တို့
ထည့်ထားသောကြွေအိုးထဲမှရေတို့ဖြင့် လက်သန့်စင်ပြီး
အချင်းချင်းလည်းပြန်လည်သန့်စင်ပေးကြသည်။
ထိုအချိန်တွင် ရိပေါ်ကျီစယ်လိုဟန်ဖြင့်
ရှောင်းကျန့်လက်လေးကိုရေသန့်စင်ပေးရင်း
လက်ဖဝါးလေးကိုအသာဖွဖွလက်ညိုးလေးဖြင့်ကုတ်ပြီး
ယားယံအောင်ပြုလုပ်လေသည်။'ရိပေါ်...'
နှုတ်ခမ်းလေးနည်းနည်းကွေးပြီး ချစ်ကြည်အလိုလိုက်တဲ့
မျက်နှာပေးနဲ့ အသာဟန့်တဲ့ရှောင်းကျန့်ကြောင့်
ရိပေါ်သဘောတကျရယ်မောရင်း ကျီစယ်နေတာကိုရပ်ကာ
ရေသန့်စင်ခြင်းဓလေ့ကိုအဆုံးသတ်လိုက်သည်။ဆက်လက်ပြီးနှစ်ယောက်သားအစီအစဉ်တကျနဲ့
အသားတစ်စအတူတူစားခြင်း၊
ဝိုင်ခွက်လဲပြီးသောက်ခြင်းတို့ကိုဆောင်ရွက်ကြတဲ့အခါ
ကြည်နူးမှုတို့ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်
ခိုးကြည့်မိကြသည်။
ရှက်ရဲရဲရှောင်းကျန့်မျက်နှာလေးကြောင့်
ရိပေါ်ရင်ခုန်သံတို့ကတဒိန်းဒိန်း။'အိမ်ထောင်ဖက်နှစ်ယောက်
သေရည်တစ်ခွက်ထဲကိုမျှသောက်ပါလို့
ကမ္ဘာအဆုံးထိတိုင်အောင် တူယှဉ်တွဲ
ရွှေလက်မြဲပါစေသော်ဝ်'ရိပေါ်ရဲ့ဘိသိက်စကားကြောင့်
မျက်လွှာချပြီးဝိုင်ခွက်ကိုင်ထားတဲ့ရှောင်းကျန့်က
ယုန်သွားတွေပေါ်လာတဲ့အထိ ပြုံးရယ်သည်။