💚 ၁ 💚

1.8K 117 8
                                    

Unicode

စောင့်နေတယ်ဆိုတဲ့ စကားလေးက တကယ်တော့ နွေးထွေးပါတယ် ။

Injun ကိုယ်မင်းကို အခုထက်ထိ စောင့်နေတယ် ။

***

စာအုပ်အားပိတ်လိုက်ရင်း ပါဝါမျက်မှန်အောက်က မျက်ရည်ကြည်တို့အား သုတ်ကာ ကျွန်တော်ပြုံးပြလိုက်သည် ။

၁၈နှစ်တောင်ရှိသွားပြီ Injun ။

မင်းမပါပဲ နေ့ရက်တွေကို ကိုယ်ဖြတ်သန်းခဲ့ရတာ ၁၈နှစ်တာကြာသွားပြီ ။

၃၇နှစ်အရွယ် လူတစ်ယောက်က သန်မာတုန်းဆိုပေမဲ့ ကျွန်တော်ကတော့ စိတ်ထောင်းလို့ကိုယ်ကျေဆိုသလို အနည်းငယ် အဖြူဘက်သန်းချင်နေတဲ့ ဆံပင်တွေကိုလည်း အနက်မဆိုးဖြစ်တော့ ။

Injunအရိပ်တွေရှိနေတဲ့ ထိုအိမ်လေးမှာပဲ ငြိမ်းချမ်းစွာနေပြီး ပန်းပင်တွေသာ စိုက်ပျိုးနေတတ်သည် ။

တစ်ခါတစ်ရံ ခြံအနောက်ဘက်က Injunအုတ်ဂူလေးနားမှာ စကားပြောပြီး အဖော်ပြုဖြစ်သည် ။

မိုးလေးက ခပ်အုံ့အုံ့ ။

မှန်တွေကာရံထားတဲ့ အခန်းလေးကနေ မှိုင်းမှောင်နေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းမောတစ်ခုကို ချမိတယ် ။

မကြာခင်မိုးရွာတော့မှာပဲ ။

" ကိုလေး "

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Chenle ။

တစ်စုံတစ်ခုအားကိုင်ကာ အခန်းထဲလှမ်းဝင်လာသည် ။

" ကိုလေး ဆေးသောက်မယ်လေ "

" ငါသောက်ပြီးပြီ "

" ဟောဗျာ ဘယ်တုန်းကလဲ "

" စောစောကလေးတင် "

" အော် ၊ မိုးရွာမယ်ထင်တယ်နော် ကိုလေး "

Chenleလည်း ကျွန်တော့်နည်းတူ ခန့်မှန်းနေသည် ။

" Jisungထီးပါသွားလား "

" မပါသွားဘူး ကိုလေး ၊ သူပြန်လာတဲ့အချိန်ဆိုရင်တော့ မိုးစဲလောက်ပါပြီ "

ကြည်လင်တဲ့မှန်တံခါးဆီ ရုတ်ချည်းလာစင်တဲ့ ရေစက်တွေ ။

ပြောရင်းဆိုရင်း မိုးရွာလာပြီ ။

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Where stories live. Discover now