မိုးဒေဝါ
Present
*********************
"မ .. ပေး ပေး ကျွန်တော် ယူသွားလိုက်မယ် .."
ကားနောက်ဖုံးထဲက စက္ကူပုံးအလေးကြီးကို မ ဖို့လုပ်နေတဲ့ နှောင်းကို ကျွန်တော် အသည်းအသန်တားလိုက်တယ်။ နှောင်းက သွေးနုသားနု အချိန်ဖြစ်နေသေးတယ်လို့ ပြောလို့ရတဲ့ အတွက် ဒါမျိုးတွေ လုပ်လို့မဖြစ်။ မိုးတွေအုံ့နေပြီး မိုးဖွဲလေးတွေ ကျလာလိုက် ရပ်သွားလိုက်နဲ့ ရာသီဥတုအခြေအနေက ဝါဆိုလဆိုတာ နှစ်ခါမေးနေစရာတောင် မလိုဘူး။
"သိပ်မလေးပါဘူး ဒေဝါရယ် .. ရတယ် .."
နှောင်းက စိတ်မြန်လက်မြန်လုပ်ကိုင်တတ်တဲ့အကျင့်က မပျောက်သေး ။ ကျွန်တော်နဲ့ဆိုရင် သူက အကြီးဆိုတော့ အမြဲတမ်း လူကြီးလို ပြုမူဆက်ဆံရတာကို အကျင့်ပါနေတာ။
"မလုပ်ပါနဲ့ဆို မ ရာ .. ဟိုမှာ ဝေထူး လည်းရောက်နေပြီ အဲ့ကောင်ကူသယ်ပေးလိမ့်မယ်"
ခပ်လှမ်းလှမ်းမှာ ကားစက်သတ်နေတဲ့ ကျွန်တော့်သူငယ်ချင်း ဝေထူးကာကို မေးငေါ့ပြပြီးပြောလိုက်တယ်။
"ဂေဟာမှူးအခန်းထဲ သွားလိုက်တော့ မ .. ကျွန်တော် အကုန်မ လာခဲ့မယ်.."
ဝေထူးက ကျွန်တော့် ကားနားကို ရောက်လာပြီး ကျွန်တော့် ကားနောက်ခန်းက စက္ကူပုံးတွေ ကူသယ်ပေးရင်း
"မမိုးနှောင်း အထဲဝင်ပါ .. ဒီကောင့်ကို ကျွန်တော် ကူပေးလိုက်မယ်..."
ဝေထူးက ပြောတော့မှ နှောင်းက စိတ်ချလက်ချနဲ့ အထဲဝင်သွားတယ်။
ဒီနေ့က ကျွန်တော့်ရဲ့ ၃၂နှစ်ပြည့်မွေးနေ့ ။ မွေးနေ့ အမှတ်တရအနေနဲ့ ဒီမိဘမဲ့ဂေဟာက ကလေးတွေကို တစ်နေ့လုံးစာ အစားအသောက်အပြင် မုန့်တွေ လိုအပ်တဲ့ပစ္စည်းတွေလာလှူတာ ။ ဝေထူးက ကျွန်တော့်ကို ကူညီပေးဖို့ လာခဲ့တာ။
"ဟိုစက္ကူပုံးနှစ်ပုံးကရော ဂေဟာအတွက်လား"
ဝေထူးက ကားနောက်ဖုံးထောင့်နားမှာ ရှိနေတဲ့ သတင်းစာစက္ကူတွေနဲ့ ဖုံးထားတဲ့ ပုံးနှစ်ပုံးကို ညွှန်ပြရင်းမေးတယ် ။ ဝေထူး ညွှန်ပြတဲ့ စက္ကူပုံးနှစ်ပုံးကို ကြည့်ပြီး ကျွန်တော့်ရင်ထဲတစ်မျိုးဖြစ်သွားတယ်။
YOU ARE READING
ဒုတိယလူ ( 2nd Person )
Romanceတစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover by - Moh Moh Started - 10.5.2020 Completed - 9.9.2020