Epilogue ( Unicode )

37.1K 2K 277
                                    

Epilogue

မိုးဒေဝါ

****************

မင်္ဂလာပွဲက နှစ်ဖက်မိဘအသိုင်းအဝိုင်းကြောင့် တော်တော်လေးကို ခမ်းနားကြီးကျယ်နေတယ်။ အဲ့ဒါအပြင် ကျွန်တော့်ရဲ့ မိဘနှစ်ပါးက သတို့သားနဲ့ သတို့သမီးကို လက်စွပ်ချီးမြှင့်ပေးရမှာ။

ကျွန်တော် ပျော်ရွှင်စရာကိစ္စတွေနဲ့ ဝေးကွာနေခဲ့တာကြာပြီ။ ဆွေမျိုးရဲ့ မင်္ဂလာပွဲဖြစ်နေလို့သာ မသွားမဖြစ်သွားခဲ့တာ။

မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်စရာ ကိစ္စတွေနဲ့ ဝေးဝေးနေခဲ့တာ ကြာပြီ။

ချမ်းကို လွမ်းရင်း ကိုယ့်ကိုယ်ကို ပျော်အောင် မနေပဲ အပြစ်ပေးနေခဲ့တာဆိုရင် ပိုမှန်မယ်။

ပြောရင်းနဲ့တောင် သိင်္ခငြိမ်းချမ်းကို လွမ်းလာပြန်ပြီ။

ဒီကောင်လေးက တကယ် ကျွန်တော့်ကို ပြတ်ပြတ်သားသား ထားသွားခဲ့တာ။ နှောင်းနဲ့တောင် အဆက်အသွယ်မပြတ်တဲ့ ကောင်လေးက ကျွန်တော့်ကိုတောင် အရိပ်အယောင်လေးတောင် မပြခဲ့ပါ။

ဒါပေမယ့် ကျွန်တော် ဇွဲကောင်းကောင်းနဲ့ ချမ်းကို စောင့်နေဆဲပါပဲ။

သတိရလွန်းလို့ သူရှိနေတဲ့ နေရာထိ သွားခဲ့ပေမယ့် အဝေးကနေပဲ လှမ်းကြည့်ခဲ့ရတယ်။ ကျွန်တော့်ကိုတွေ့ရင် ကျွန်တော် မမြင်နိုင်တဲ့နေရာကို အပြီးတိုင်ထွက်သွားမယ်ဆိုတဲ့ သူ့စကားကြောင့်ပါပဲ။

ကျွန်တော် တတ်နိုင်တာ ဘာမှမရှိခဲ့ဘူး။

ဘဝမှာ သိင်္ခငြိမ်းချမ်းကလွဲရင် ဘယ်သူ့ကို မှ နက်နက်ရှိုင်းရှိုင်း ထပ်မချစ်မိနိုင်တော့ဘူးဆိုတာ သေချာပြီးတဲ့နောက်တော့ ချမ်းကို စောင့်နေရုံပဲ ရှိတယ်။ နှောင်းက ပြောတယ် ချမ်းက ကျွန်တော့်ကို ခွင့်လွှတ်နိုင်တဲ့ အချိန်ကြရင် ကျွန်တော့်မျက်စိရှိကို ပြန်ရောက်လာလိမ့်မယ်တဲ့။

ချမ်းကိုယ်တိုင် ကျွန်တော့်ကို ပြန်လာမယ်လို့ မပြောသွားခဲ့ပေမယ့်ပေါ့ ။

ကျွန်တော် သက်ပြင်းချပြီးတော့ တခြားအာရုံလွှဲနေလိုက်တယ်။

ဒုတိယလူ ( 2nd Person )Where stories live. Discover now