Chapter (20) Zawgyi

4.5K 579 8
                                    

သိင်္ခငြိမ်းချမ်း

*****************************

မိုးကုန်ခါနီးမလို့ မိုးသိပ်မရွာတော့ဘူးလို့ နမိတ်ဖတ်မိခဲ့တဲ့ ကျွန်တော့်ကို ရာသီဥတုက ပညာပြခဲ့တယ်။ ည (၇ ) နာရီ ဂျူတီဝင်ကတည်းက သည်းကြီးမည်းကြီး ရွာခဲ့တဲ့ မိုးက အခု ည(၁၂) ကျော်မှ မောပြီး နားသွားတယ်။

မိုးနဲ့ အတူတူပဲ ကျွန်တော်တို့ အရေးပေါ်ဌာနကလည်း ဒေါင်ချာစိုင်း ဆူညံ့ပွက်လောရိုက်ပြီးတော့ အလုပ်ရှုပ်နေခဲ့ရာကနေ အခုအချိန်မှ အနားရသွားတယ်။

ညပိုင်း ဂျူတီဆိုတော့ အရေးပေါ်ဌာနမှာ အမိုးရယ် ကျွန်တော်ရယ် နောက်ထပ် သူနာပြု အမတစ်ယောက်ရယ် သုံးယောက်တည်း ဂျူတီဝင်နေရတာ။

"အမိုး ဘာစားဦးမလဲ .. မေမေပူတင်းတွေ ထည့်ပေးလိုက်တယ်"

အမိုးက ကျွန်တော့်ကို အပြုံးနွမ်းနွမ်းနဲ့ မော့ကြည့်ရင်း ခေါင်းခါပြတယ်။

"မစားသေးဘူး အမိုးခဏ သွားလှဲလိုက်ဦးမယ်.."

"အိပ်ရင် အိပ်လိုက်လေ အမိုး ကျွန်တော် စောင့်လိုက်မယ်.."

အမိုးက ၂၄ နာရီဂျူတီဆိုတော့ တော်တော်ပြိုင်းနေပြီ။ အမိုးက သူမရဲ့အရွယ်နဲ့ မလိုက်အောင် အလုပ်တွေ တောက်လျှောက် လုပ်ပေးခဲ့တာ။ တော်ရုံတန်ရုံဆိုရင် ကျွန်တော်တို့တွေ လှည့်ကြည့်စရာမလိုလောက်အောင် သူမပဲ အကုန် လုပ်ပေးတတ်တာ။ အခုလည်း ညမိုးချုပ်ကတည်းက သန်းခေါင်ကျော်တဲ့အထိ တစ်ချက်ကလေးမှ မနားခဲ့ရတော့ တော်တော် ပင်ပန်းနေလောက်ပြီ။

"အေးဆေးနားပါ .. ကျွန်တော် တစ်နေကုန် အိပ်ထားတာ မျက်လုံးကျယ်နေလို့ .."

ကျွန်တော် ပြောလိုက်တော့မှ အမိုးက စိတ်ချသွားတဲ့ဟန်နဲ့ ကျွန်တော့်ပုခုံးကို တစ်ချက်ပုတ်ပြီးတော့ သူနာပြု နားနေခန်းထဲကို ဝင်သွားတယ်။

အရေးပေါ်ဌာနတစ်ခုလုံးက လူနာတွေလည်း အိပ်သွားပြီဆိုတော့ ငြိမ်သက်တိတ်ဆိတ်သွားတော့တယ်။ အဲ့ဒီအခါကျမှာပဲ ကျောပိုးအိတ်ထဲ ထည့်ထားတဲ့ ကျွန်တော့်ရဲ့ ဖုန်းက တဒီးဒီးနဲ့ တုန်ခါနေတာကို ခံစားလိုက်ရတယ်။ မီးလင်းနေတဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်ကြည့်တော့ ဖုန်းခေါ်နေတာက ကိုမိုးဒေဝါ ။

ဒုတိယလူ ( 2nd Person )Where stories live. Discover now