Unappreciable Self Relization
မိုးဒေဝါ
Present
*******************************
"ဒေဝါ ဒို့အိမ်ကို ကျော်သွားပြီလေ..."
ဘေးနားမှာ ထိုင်နေတဲ့ နှောင်းရဲ့အသံကို ကြားရမှ ကျွန်တော် အသိဝင်လာခဲ့တယ်။ အာရုံတွေ ပျံ့လွင့်ရင်း ကားမောင်းတာ နှောင်းရဲ့အိမ်ကို ကျွန်တော် ကျော်သွားမိတဲ့အထိ။
ဆေးရုံမှာ ချမ်းကို တွေ့လိုက်ကတည်းက ကျွန်တော် စိတ်နဲ့လူနဲ့မကပ်ပဲ ငေးငိုင်နေမိတာ ။
ချမ်းက ကျွန်တော် မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ။ ပြီးတော့ ချမ်းက အဲ့ကောင်ကို ပြုံးပြနေတယ်။ ချမ်းသိပ်ပျော်နေတဲ့ပုံပဲ။
ချမ်းက ကျွန်တော့်ကို မြင်တောင်မမြင်တော့ဘူး။ မဟုတ်ဘူး။ ချမ်းရဲ့ စိတ်အာရုံတွေက ကျွန်တော့်ဆီမှာမရှိတော့သလိုပဲ။
အရင်တစ်ခါ ချမ်းကို အဲ့ကောင်နဲ့တွဲတွေ့တုန်းက ကျွန်တော် အရမ်းဒေါသတွေထွက်ပြီး ပူလောင်ခဲ့တယ်။ အခုက ကျွန်တော် ဒေါသထွက်နေတာမဟုတ်ဘူး။
ကျွန်တော် ဝမ်းနည်း နာကျင်နေတာ ။ နှမြောသတစိတ်နဲ့ ပူလောင်နေတာ ။
ပြီးတော့ ကျွန်တော် ဒီလို ခံစားနေရတာ ချမ်းကြောင့်ဆိုတာ သေချာ သိနေတယ်။
ကျွန်တော် ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ?။
"ဒေဝါ... မင်းဘာဖြစ်နေတာလဲ.. ဆေးရုံမှာကတည်းက မင်း တစ်မျိုးဖြစ်နေတာ.."
"ဆောရီး မ.."
နှောင်းကို တောင်းပန်စကားပြောရင်း ကျွန်တော် ကားကို ပြန်ဆုတ်ရတယ်။
နှောင်းရှိနေတာကို သိရက်နဲ့ ကျွန်တော် ချမ်းအကြောင်းတွေးနေမိတာကို ရပ်လို့မရဘူး။ နှောင်းကျွန်တော့်ကို စူးစမ်းကြည့်နဲ့ ကြည့်နေတာကို သိတယ်။ ကျွန်တော်ဘာဖြစ်နေတာလဲ သေချာ မသိရင်တောင် တစ်ခုခုဖြစ်နေမှန်းတော့ ရိပ်မိလောက်မှာပဲ။ ဒါပေမယ့် ဒါတွေကို ကျွန်တော် ပြောပြဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။
ပြီးတော့ ဘယ်လိုပြောပြရမယ်မှန်းလည်းမသိဘူး။
"အေးဆေး နားတော့ မ.. တံခါးကိုသေချာ သော့ပိတ်ပါ.."
YOU ARE READING
ဒုတိယလူ ( 2nd Person )
Romanceတစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover by - Moh Moh Started - 10.5.2020 Completed - 9.9.2020