Chapter (10)Zawgyi

7.4K 876 59
                                    

You are my essential

သိင်္ခငြိမ်းချမ်း

*******************

ညအချိန်ရောက်တာတောင် ကောင်းကင်ကြီးက နီရဲနေတယ်။ မိုးတွေ သည်းသည်းမည်းမည်းရွာနေတယ်။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ဆေးရုံဝင်းထဲက သစ်ပင်ကြီးတွေ လေပြင်းကြောင့် ယိမ်းယိုင်နေတာကို မြင်နေရတယ်။ ကျွန်တော်က ပြတင်းပေါက်ဘေးမှာ ထိုင်နေတာဆိုတော့ လေပြင်းတစ်ချက်တိုက်လိုက်တိုင်း ကျွန်တော့်မျက်နှာကို မိုးစက်တွေလာစင်တယ်။ ဒီခံစားချက်ကို ကျွန်တော် သဘောကျနေမိတယ်။

ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို သတိမထားမိတဲ့ အခြေအနေကနေ သေချာ ကြည့်တတ်လာနေပြီ။ အလွမ်းတွေ နာကျင်တာတွေကလွဲရင် မသိခဲ့တဲ့ အခြေအနေကနေ ကျွန်တော် သဘောကျတတ်တဲ့ အခြေအနေကို ပြန်ရောက်လာပြီ။

ချောင်ပိတ်ပြီးတော့ မွန်းကြပ်နေခဲ့တဲ့ ကျွန်တော့် စိတ်တွေက အခုတော့ ပျော်ရွှင်မှုကို ခံစားတတ်စပြုလာနေသလိုပဲ။

ကိုမိုးဒေဝါကို ကျွန်တော်က အားနည်းတဲ့လူတစ်ယောက် မဟုတ်ကြောင်းကို ပြလိုက်နိုင်တာကြောင့်လည်း ပါမယ်ထင်တယ်။ ဘယ်လောက်ထိ ချစ်နေပါစေ အရှုံးပေးတတ်တဲ့လူမဟုတ်ဘူးဆိုတာ သိစေချင်ခဲ့တယ်။ မဟုတ်ဘူး အဲ့ဒီလို ထင်စေချင်ခဲ့တယ်။ အဲ့ဒီလို ထင်အောင်လည်း လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။

ဒါကြောင့် ကျွန်တော့်စိတ်တွေ အရင်ကထက် ပေါ့ပါးသွားသလို ခံစားရတာနေမယ်။

အဆင်ပြေမယ့်လမ်းကြောင်းကို ရောက်စပြုလာပြီထင်ရဲ့။

ဒီလိုဆိုရင် နောက်ထပ် အချိန်နည်းနည်းကြာရင် ကျွန်တော် အရင်လို စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပြန်နေနိုင်တော့မယ်။

ကိုမိုးဒေဝါ ကို တဖြေးဖြေးချင်း မေ့လို့ရရင် ရနိုင်မှာပေါ့။ နာကျင်စရာအတွေးဆိုပေမယ့် ကောင်းတဲ့ရလဒ်ပါပဲ။

ကျွန်တော် အနိုင်ပိုင်းချင်စိတ်တွေ ရှိနေတဲ့ မကောင်းတဲ့ကောင်ဖြစ်နေပြီ။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။

ဘဝဆိုတာ အမြဲတမ်း ပျော်ရွှင်စရာတွေအပြည့်နဲ့ အဆင်ပြေနေတာမှမဟုတ်တာ။ အခက်အခဲတွေကြားထဲကနေ ကိုယ့်ရဲ့ပျော်ရွှင်ရာကို ရှာဖွေရင်း ရှင်သန်ရတာကို ဘဝလို့ခေါ်ကြတာပဲလေ။

ဒုတိယလူ ( 2nd Person )Where stories live. Discover now