Chapter (23) Zawgyi

4.6K 613 128
                                    

မိုးဒေဝါ

********************

"သား ဖင်တကြွကြွနဲ့ ဘယ်လိုဖြစ်နေတာလဲ .. ဘာကိစ္စရှိလို့လဲ .."

အစည်းအဝေးမှာ ပြောနေကြတဲ့ အကြောင်းအရာတွေကို စိတ်မဝင်စားတော့ဘူး။ နံရံမှာကပ်ထားတဲ့ တိုင်ကပ်နာရီကိုကြည့်လိုက် ၊ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက် ၊ ဖုန်းကနေ အချိန်ကြည့်လိုက်နဲ့ မတည်ငြိမ်ဘူးဖြစ်နေတယ်။

အရေးကြီးတဲ့ စကားပြောနေတဲ့ ကျွန်တော့်ဒယ်ဒီတောင် ကျွန်တော့်ကိုရိပ်မိပြီး မျက်နှာရိပ်မျက်နှာကဲနဲ့ ဆူနေပြီ။

ချမ်းဆီက ပြန်လာပြီးကတည်းက ပြန်သွားရမယ့် အချိန်ကို အမြန်ရောက်ချင်နေခဲ့တာ။

ဘာဖြစ်လို့ ဒီနေ့ကျမှ Meeting ရှိနေရတာလည်း မသိဘူး။

ကျွန်တော့်အခြေအနေကို ရိပ်မိနေတဲ့ မာမီက အနားကို တိုးတိုးကပ်ပြီးတော့မေးတယ်။

"ကျွန်တော် ချမ်းနဲ့ ချိန်းထားလို့"

ကျွန်တော်ပြန်ဖြေတော့ မာမီက အံ့ဩဟန်နဲ့ ကြည့်တယ်။ ပြီးတော့ ဝမ်းသာအားရနဲ့မေးတယ်။

"သားတို့ ပြန်အဆင်ပြေသွားပြီလား..."

မာမီက ချမ်းကို စတွေ့ကတည်းက ချစ်နေတာ။ ချမ်းနဲ့ ပြန်အဆင်ပြေသွားပြီဆိုရင် ဝမ်းသာပေးတယ့်လူတွေထဲမှာ ကျွန်တော့် အမေက ထိပ်ဆုံးကပါပါတယ်။

ကျွန်တော် ပြုံးပြီး ခေါင်းရိပ်ပြလိုက်တော့ မာမီ့မျက်နှာက ဝင်းထိန်သွားတယ်။

"ဒီနေ့မှ အဖြေပြန်ရမှာ ..."

"အဆင်ပြေပါစေသားရယ် ... မာမီကလေ သားကိုချစ်ပြီး စိတ်အေးချမ်းသာစေနိုင်တဲ့လူ စိတ်ရင်းကောင်းတဲ့ ဘယ်သူ့ကို မဆို သားရဲ့ Partnerအဖြစ်လက်ခံပေးနိုင်တယ်"

"ချမ်းကျွန်တော့်အနားမှာရှိရင် ပြည့်စုံတယ်လို့ခံစားရတယ် မာမီ.."

" အင်း သား လူတစ်ယောက်ထက်ပိုပြီး ချစ်မိမှာပဲ... လူနှစ်ယောက်လုံးကိုလည်း တစ်ပြိုင်တည်း ချစ်မိချင်ချစ်မိနိုင်တယ်.. ဒါပေမယ့် အနားမှာရှိရင် ပြည့်စုံပြီး လုံခြုံတယ်လို့ ခံစားစေရတဲ့လူ ကိုယ့်စိတ်ကို အေးချမ်းစေတဲ့လူကသာ ကိုယ်အမှန်တကယ်လိုအပ်တဲ့လူတဲ့.. သားရဲ့စိတ်ကို သားသေချာသိတယ်ဆိုရင် ရွေးချယ်မှု မှန်ကန်မှာပါ"

ဒုတိယလူ ( 2nd Person )Donde viven las historias. Descúbrelo ahora