သိင်္ခငြိမ်းချမ်း
*********************************************
"သားရေ ဧည့်သည်ရောက်နေတယ်"
အဆောင်နေတဲ့ အိမ်က အန်တီက လှမ်းအော်တယ်။
အဝတ်တွေကို မီးပူတိုက်နေရင်းက ကျွန်တော် တန့်သွားတယ်။
ကျွန်တော့်ဆီက ဧည့်သည် လာစရာ အကြောင်းမှ မရှိတာ။ တစ်နှစ်ခွဲကျော်အတွင်းမှာ အမေက လွဲရင် ဘယ်သူမှ ကျွန်တော့်ဆီကို မလာခဲ့ဖူးလေ။
"ခြံထဲမှာ စောင့်နေတယ်တဲ့ အန်တီ ရေနွေးကြမ်းနဲ့ ခေါပုတ်ချပေးထားခဲ့တယ်.."
"ကျေးဇူးပါဗျို့ ..."
လုပ်လက်စတွေကို ခဏရပ်ပြီးတော့ အခန်းထဲက ထွက်၊ အောက်ကို ဆင်းသွားလိုက်တယ်။
ကျွန်တော်နေတဲ့ အိမ်လေးက ခြံနဲ့ဝန်းနဲ့ အေးအေးချမ်းချမ်းလေး။ တောင်ပေါ်ဒေသက မြို့နယ်လေးဆိုတော့ တိတ်ဆိတ်ငြိမ်သက်တယ်။
"ငချမ်း ......................................."
ခြံထဲကို ဆင်းသွားတာနဲ့ ကျွန်တော့်ဆီလာတဲ့ ဧည့်သည်က အသံအကျယ်ကြီးနဲ့ အော်ပြီး ပြေးလာတော့တယ်။
ကျွန်တော် ပြုံးလိုက်မိတယ်။
"မိသော်"
ရန်ကုန်ကနေ ဒီနေရာထိ ဘယ်လိုလုပ်ပြီး ပေါက်ချလာကြတာလဲ။
မိသော်က အကျယ်ကြီး အော်ပြီး ပြေးလာတယ်။
တကယ်တော့ ကျွန်တော်လည်း သူငယ်ချင်းတွေကို သတိရနေခဲ့တာ။ အဆက်အသွယ်တော့ မပြတ်ခဲ့ပေမယ့် ဆရာဝန်တွေဆိုတော့ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ အရမ်းရှားလို့ စကားမပြောဖြစ်ကြသလောက်ပါပဲ။
ကျွန်တော့်ဆီကို တကူးတက ရောက်လာတယ်ဆိုတာ အထွေအထူးကိစ္စတစ်ခု ရှိနေလို့များလား။
မိသော်က အနားကိုရောက်တာနဲ့ ကျွန်တော့်လက်မောင်းကို တဖြန်းဖြန်းနဲ့ ရိုက်ပါတော့တယ်။
"အစုတ်ပလုတ်ကောင် .. နေ နိုင်တယ် .. နင်ပဲနေနိုင်တယ်နော်.. မသာကောင် ..."
မိသော်က ကျွန်တော် နယ်ပြောင်းသွားကတည်းက ရန်ကုန်ကို အလည်ဖြစ်ဖြစ် ခဏပြန်လာဖို့ အမြဲတမ်းပြောတယ်။
YOU ARE READING
ဒုတိယလူ ( 2nd Person )
Romanceတစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover by - Moh Moh Started - 10.5.2020 Completed - 9.9.2020