Chapter(7)Part(1)Zawgyi

6.4K 898 91
                                    

မိုးဒေဝါ

Present

*********************

"ငါ ရူးနေတာလား မသိဘူး"

"အေး .. ဟုတ်တယ် မင်းရူးနေတာ"

စိတ်တွေပေါ့သွားအောင် ဝေထူးကို ရင်ဖွင့်ကာမှ သကောင့်သားက ကျွန်တော့်ကို နှိပ်ကွပ်တယ်။ လမ်းခွဲပြီးကတည်းက ချမ်းကို လုံးဝမမေ့မရခဲ့တဲ့ အခြေအနေကနေ နေ့တိုင်းလိုလို အချိန်တိုင်းလိုလို သတိရတတ်တဲ့ အခြေအနေကို ရောက်သွားခဲ့ပြီ။

ဒီရက်ပိုင်း ကျွန်တော့် စိတ်တွေ မွန်းကြပ်နေတယ်။ ချမ်းကို သတိရတယ် ။ ချမ်းကျွန်တော့်ကို မချစ်တော့ဘူးများလားဆိုတဲ့ အတွေးက ကျွန်တော့်ကို နှိပ်စက်တယ်။ ချမ်းကို ကျွန်တော် ချစ်နေတုန်းပဲ။ ဒါပေမယ့် ချစ်ပေမယ့် ကျွန်တော် လက်လွှတ်ပေးနိုင်မယ်ထင်ခဲ့တာ။

ကျွန်တော်က လမ်းခွဲခဲ့တာဆိုပေမယ့် အဆင်မပြေနေတာက ကျွန်တော်ဖြစ်နေတယ်။

ခပ်မှိန်မှိန်အဝါရောင်မီးနဲ့ သီချင်းသံသဲ့သဲ့သာ ရှိနေတဲ့ ဘားရဲ့ အခြေအနေက ကျွန်တော့် စိတ်တွေကို ပေါက်ကွဲထွက်နိုင်ဖို့ ဖန်တီးပေးနေသလိုပဲ။

"မင်း သူ့ကို သွားမတွေ့သင့်တော့ဘူးလေ ဒေဝါရာ ..."

"တွေ့ချင်နေတာကို သွားမတွေ့ပဲနေရင် ငါပိုဆိုးမယ်ထင်လို့ တွေ့လိုက်တာ .."

"မင်း စောင့်ပြီးသွားတွေ့တော့ အောင့်သက်သက်နဲ့ ပြန်လာခဲ့ရတယ်မလား .."

ကျွန်တော့်ကို ချမ်း အေးစက်စက် ဆက်ဆံခဲ့ပုံတွေ ၊ ပြောသွားခဲ့တဲ့စကားတွေ ၊ ပြီးတော့ မျက်စိရှေ့တင် ဟိုနေ့က ကောင်နဲ့ အတူတူပြုံးပျော်ပြီး ထွက်သွားတာတွေ ၊ ကျွန်တော့်ကို တစ်စက်လေးမှ လှည်မကြည့်ခဲ့တာတွေ အကုန်လုံးကို ပြန်မြင်ယောင်လာတယ်။ စိတ်တွေ အရမ်း ညစ်နွမ်းရှုပ်ထွေးနေလို့ ဆံပင်တွေကို ဆွဲဖွလိုက်မိတယ်။ ပြီးတော့ စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကျန်အရက်ခွက်ကို အကုန်မော့သောက်လိုက်တယ်။

"ချမ်း ငါ့ကို လုံးဝမေ့သွားပြီထင်တယ်..."

တစ်ကျိုက်တည်း မော့ချလိုက်တဲ့ အရှိန်ရယ် ၊ အရင်ကတည်းက ရှိနေပြီးသား အရှိန်ရယ်ပေါင်းသွားတော့ အရက်ခိုးတွေ တရပ်ရပ်တက်ရင်း ကျွန်တော့်စိတ်တွေရီဝေပြန့်ကျဲ့လာတယ်။

ဒုတိယလူ ( 2nd Person )حيث تعيش القصص. اكتشف الآن