Chapter (25) Unicode

19.1K 1.8K 235
                                    

မိုးဒေဝါ

*********************

ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ နှောင်းကို ကျွန်တော် ထိုင်ကြည့်နေမိတယ်။ အောက်ဆီဂျင်ပေးထားတဲ့ အဖုံးကို လေတစ်ချို့ရိုက်ခတ်လာတာတွေ၊ မော်နီတာမှာ မြင်နေရတဲ့ နှလုံးခုန်လှိုင်းတွေ ကိုမြင်နေရတယ်။

အသက်ရှင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားပေးခဲ့ရက်နဲ့ နှောင်း အသက်မရှင်ခဲ့ဖူးဆိုရင် အခုဆိုးရွားနေတဲ့ အခြေအနေထက် ပိုဆိုးတော့မှာ။

တကယ်ပါ နှောင်းက ကျွန်တော့်ကို နောက်ဆုံးအချိန်ထိ မဆက်သွယ်ပဲ သူမရဲ့ ကတိကို တည်ခဲ့ပါတယ်။ ကျွန်တော်ကသာ .... ။

ကျွန်တော် အရမ်း စိတ်မွန်းကြပ်လာပြီး ဆံပင်တွေကို ဆွဲဖွလိုက်မိတယ်။

လုံချည်အပြာဝတ်သူနာပြု ဆရာမကြီး တစ်ယောက် ရောက်လာတယ်။ ချိတ်ထားတဲ့ ဆေးပုလင်းနဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးတယ်။ ပြီးတော့ စိတ်ချသွားတဲ့ ပုံစံနဲ့ ထိုင်နေတဲ့ ကျွန်တော့်ကို ပြုံးပြီးကြည့်တယ်။

ဆရာမကြီးက ကျွန်တော့်ကို သိနေတဲ့ပုံပါပဲ။

"အခြေအနေက စိတ်ချရပါပြီ.. ဒေါက်တာ ချမ်းလေးကို ကျေးဇူးတင်ရမယ်.. သူ့ဂျူတီချိန်မဟုတ်တော့တာတောင် ဝင်ကူညီပေးတာ .. တကယ် ချီးကျူးဖို့ကောင်းတဲ့ ကလေးပါပဲ .. "

ချမ်း ရဲ့ နာမည်ကို ကြားလိုက်ရတော့ ကျွန်တော် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ချမ်း ကျွန်တော့်ကို မြင်လိုက်ချိန် မှာ ဝမ်းနည်း နာကျင်သွားတဲ့ မျက်လုံးတွေနဲ့ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အမူအကျင့်အတိုင်းပဲ ခံစားချက်တွေ အားလုံးကို သိမ်းဆည်းသွားခဲ့တယ်။ ဘာခံစားချက်မှမရှိတဲ့ ပုံစံနဲ့ နှောင်းကို အစွမ်းကုန် ကယ်တင်သွားခဲ့တယ်။

ချမ်း စိတ်ထဲမှာ ဘာတွေတွေးနေမလဲ။ ကျွန်တော့်ကို တကယ်ပဲ မုန်းသွားခဲ့ပြီလား ။ မသိတော့ဘူး။ ချမ်းကို ဘယ်လို တောင်းပန်ရမလဲဆိုတာလည်း မသိဘူး။

"ဆရာမကြီး .. ချမ်း .. သိင်္ခငြိမ်းချမ်း ပြန်သွားပြီလား ..."

ဒုတိယလူ ( 2nd Person )Donde viven las historias. Descúbrelo ahora