Chapter (6)Part(1)Zawgyi

6.3K 938 70
                                    

သိင်္ခငြိမ်းချမ်း

Present

*********************

ကျွန်တော် ဘေးကို ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ဝေါခနဲဖြတ်မောင်းသွားတယ်။ လမ်းပေါ်က ရေကွက်ကို အရှိန်နဲ့ ဖြတ်မောင်းသွားတာဆိုတော့ ရေတွေ ကျွန်တော့် ခြေထောက်ကို လာစင်တယ်။ ပြီးတော့ ကျွန်တော် ဆွဲထားတဲ့ အဝတ်ထည့်တဲ့အိတ်ပါ ရေတွေစိုကုန်တယ်။

တစ်လက်စတည်း မိုးက တဖွဲဖွဲရွာလာရော ။

"ပြဿနာပဲ"

ကျွန်တော့်မှာ ထီးလည်းမပါလာဘူး ။ ဆေးရုံရောက်ဖို့ကလည်း တော်တော် လမ်းလျှောက်ရဦးမှာ ။

ဘတ်စ်ကားပေါ်မှာ လူတွေများလွန်းလို့ လမ်းလျှောက်မယ်ဆိုပြီး ဆင်းရမယ့် မှတ်တိုင်မရောက်ခင် ကြိုဆင်းမိတဲ့ ကျွန်တော့်အပြစ်ပါပဲ။

မိုးပိုသည်းလာလို့ ကျွန်တော် ဘာလုပ်ရမယ်မှန်းမသိခင်မှာ ကျွန်တော့်ဘေးနားကို ကားတစ်စီးလာရပ်တယ်။

ကျွန်တော် အရမ်းအံ့ဩသွားတယ်။

ကျွန်တော် ရင်းနှီးကျွမ်းဝင်နေတဲ့ ကား။ ကိုမိုးဒေဝါ ရဲ့ကား ။ ကားစက်သံကိုတောင် ကျွန်တော် မှတ်မိနေတာ။

အကို့ကားဆိုတာ သိလိုက်ပြီး ကားအနားရောက်တာနဲ့ ကျွန်တော် သတိဆွဲထားပြီးသား။

အကို့ကားက ကျွန်တော့်ဘေးမှာ ဘာလို့ လာရပ်ရတာလဲ ။ အမှန်ဆိုရင် ကျွန်တော့်ကို မြင်ရင်တောင် ကျော်သွားရမှာ မဟုတ်ဘူးလား။

ကားမှန်တံခါး ပွင့်လာပြီး ကားထဲက အကိုနဲ့ မျက်လုံးချင်းမဆုံခင် စိတ်လှုပ်ရှားနေတာကို မသိသာအောင် ကျွန်တော် ထိန်းချုပ်လိုက်ရတယ်။

ကားမှန်တံခါးက ပွင့်သွားတာမဟုတ်ဘူး ။ ကားတံခါးပွင့်သွားတာ။ ပြီးတော့ ကားပေါ်ကနေ အကိုဆင်းလာတယ်။

လမ်းခွဲပြီးကတည်းက စိတ်ကူးထဲမှာသာ ခဏခဏ မြင်ယောင်နေမိရတဲ့ မျက်နှာ ။ အပြင်မှာ မမြင်ရတာ သုံးပတ်ကျော်ခဲ့ပြီ ။ မတွေးသင့်တဲ့ အတွေးဆိုပေမယ့် ကျွန်တော် အကို့ကို အများကြီး သတိရနေခဲ့တယ်။

ဒုတိယလူ ( 2nd Person )Where stories live. Discover now