(Zawgyi)
"CEOဝမ်!! မမလေးရောက်နေပါပြီ"
အတိတ်တွေဆီအလည်ရောက်နေတဲ့ရိပေါ်ကဆတ်ခနဲဖြစ်သွားတယ်။ရှောင်းကျန့်...မင်းဘယ်ကို
ရောက်နေတာလဲကွာ..။ကိုယ်မင်းကိုအရမ်းလွမ်းတယ်...။"ရိပေါ်..အဆင်သင့်ဖြစ်ရင်သွားရအောင်၊ လီလီတို့်
အဆင်သင့်ရောက်နေရင်ပိုကောင်းတာ
ပေါ့""အင်း..သွားမယ်လေ"
လီလီကသူ့လက်မောင်းကိုလာချိတ်ပေမယ့် ရိပေါ်မငြင်းလိုက်ဘူး။ သူတို့ကအများမြင်မှာ အားကျစရာကောင်းတဲ့အတွဲမလား။
"ကောကောက new yorkက ဘာလက်ဆောင်ဝယ်လာမှာလဲမသိဘူး၊ မဝယ်လာရင်အတွေ့ပဲ"
လေဆိပ်သွားတဲ့ လမ်းတစ်လျှောက် လီလီက စကားတွေပေါက်ပေါက်ဖောက်နေတယ်။လီလီကချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်။ ဒါပေမယ့်သူ့နှလုံးသားတွေကတစ်ယောက်သောသူဆီအကုန်ပါသွားခဲ့ပြီ။ကားကိုဂရုတစိုက်မောင်းနေရင်း.....
"လီလီ၊သူကဘယ်သူလဲ၊အရင်ကပြောသံကိုယ်မ
ကြားမိလို့""သြော်..လီလီတစ်ဝမ်းကွဲအကို၊ကောကောက ကျောင်းပြီးပြီးချင်း new york ထွက်သွားတာ၊ မတွေ့ရတာငါးနှစ်လောက်ရှိပြီ၊ အခုက သူတို့ companyရုံးခွဲဖွင့်မှာမို့ပြန်လာတာ"
"သြော်.."
"ရိပေါ်..ဒါနဲ့လေ.."
"အင်း..."
"ကောကောကလေသူ့ကောင်လေးရောပါလာမယ်ပြောတယ်၊ရိပေါ်အဆင်ပြေပါ့မလား၊လီလီတို့နေတဲ့အပေါ်ထပ်ကအခန်းတစ်ခုမှာထားမယ်ပြော
တယ်""ရပါတယ်..ဒါနဲ့ သူ gay လား"
"အင်း...ဆိုပါတော့..သူ့ကောင်လေးကသိပ်ချော
တယ်ဆိုပဲ၊လက်ထပ်ပြီးတာခြောက်လပဲရှိသေးတယ်တဲ့၊လီလီကိုလျှိုထားတာ၊ပုံလေးပြပါဆိုတာတောင် နှမြောနေတာ၊လူအကောင်လိုက်ကြည့်တဲ့၊ ကောကောကတက္ကသိုလ်မှာကတည်းကအသေအလဲလိုက်ခဲ့ရတဲ့သူတဲ့""......"
လေဆိပ်ရောက်နေပေမယ့်လေယာဉ်မဆိုက်သေးတာကြောင့် ရိပေါ်တို့်စောင့်နေရသေးတယ်။
"ကောကော.."
လီလီပြေးသွားတာကြောင့်ရိပေါ်လိုက်ကြည့်မိ
တော့အံသြသွားတယ်။လုဖုန်း...။
YOU ARE READING
I swear...
FanfictionI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။