part8

169 19 5
                                    

(Zawgyi)

ဒီနေ့ရိပေါ်တို့လေးယောက်ချိန်းပြီးညစာစားနေကြတာ။လီလီအပါအဝင်စီးပွားရေးအကြောင်း
ဆွေးနွေးရင်းစားသောက်နေကြပေမယ့် ရှောင်းကျန့်ကသူနဲ့မဆိုင်သလိုနေပြီး ဝိုင်တွေပဲ စွတ်သောက်နေတယ်။

ခနနေတော့ရှေ့မှာဖြစ်ပျက်နေကြတဲ့နှစ်ယောက်ကိုရိပေါ်နဲ့လီလီက ပွဲကြည့်ပရိသတ်အနေနဲ့
ကြည့်နေရတယ်။

"ကျန့်လေး..တော်ပီကွာ၊ များနေပြီလေ"

"ဟာ..ကောကလည်း ကျန့်လေး limit ကိုသိရဲ့သားနဲ့၊ ဒီဝိုင်လေးလောက်နဲ့ဘာဖြစ်မှကျ"

"သိပါတယ်ကွာ၊ ဒါပေမယ့်တော်တော်များနေပြီ၊ ကောစိတ်ပူလို့ပါကွာ"

"ဟာ..ကောရာစောက်ရေးမပါဘူး၊ စောက်ရစ်တွေရှည်တာကျန့်လေး
မကြိုက်ဘူးနော်"

"ကောသိပါတယ်ကွာ ကျန့်လေးမကြိုက်မှန်း၊ ကောကစိတ်ပူလို့ပြောတာပါကွာ"

ရှောင်းကျန့်က စိတ်မရှည်သလိုရိုင်းရိုင်းစိုင်းစိုင်း
ပြောပေမယ့် လုဖုန်းကတော့ တစ်စက်ကလေး အပြုံးမပျက်ဘူး။ငြင်ငြင်သာသာပြောပြီး
ရှောင်းကျန့်ကိုချော့နေရှာတယ်။

ရှောင်းကျန့်ရာမင်းဘယ်လိုတွေတောင်ပြောင်းလဲသွားတာလဲကွာ..။ ရိပေါ် စိတ်မသက်မသာနဲ့သာ ရှောင်းကျန့်ကိုကြည့်နေမိတယ်။

ရီဝေဝေဖြစ်နေပြီဖြစ်တဲ့ ရှောင်းကျန့်က
ရှပ်အက်ျီ ကြယ်သီးနှစ်လုံးကို ရင်ဘတ်ပေါ်အောင်
ဆွဲဖြုတ်လိုက်ပြီးရှေ့ကရိပေါ်ကို ခပ်ထေ့ထေ့ကြည့်တယ်။

ပြီးတော့ နူတ်ခမ်းလေးတွန့်ရုံလေးတွန့်သွားပြီး ဆိုင်ထဲက ပီယာနိုဆီလျှောက်သွားတယ်။

"ကော..ကျန့်လေးကောအတွက် သီချင်းဆိုပြမယ်၊ ကောအတွက်ပဲ၊ only for you"

ရှောင်းကျန့်လက်ချောင်းလေးက ပီယာနိုပေါ် ပြေးလွှားလိုက်တာနဲ့ ဆိုင်ထဲကလူတွေ အာရုံက
ရှောင်းကျန့်ဆီရောက်သွားတယ်။

ထွက်လာတဲ့ တီးလုံးသံကြောင့် ရိပေါ်က အထိတ်တလန့် ရှောင်းကျန့်ကိုကြည့်မိတယ်။
ရှောင်းကျန့်ကသူ့ကြည့်မယ်ဆိုတာကို
သိနေတဲ့အလား လှောင်ပြုံးတစ်ခုချိတ်ဆွဲထားပြီး ဆီးကြိုနေတယ်။

I swear...Where stories live. Discover now