(Zawgyi)
ရှောင်းကျန့်နိုးလာတော့တစ်ကိုယ်လုံးကိုက်ခဲနေ
တယ်။ပြီးတော့သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်ထားတဲ့နွေးထွေးသောရင်ခွင်တစ်ခုထဲရောက်နေတယ်။ရင်းနှီးတဲ့ကိုယ်သင်းနံ့၊တမ်းတနေခဲ့ရတဲ့ရင်ခွင်နွေး
နွေးနဲ့တင်မတင်းတိမ်နိုင်ပဲလွမ်းဆွတ်နေခဲ့ရတဲ့မျက်နှာချောချောလေးကိုမော့ကြည့်ဖို့ကြိုးစားမိတယ်။အစိတ်အပိုင်းတစ်ခုချင်းစီကနတ်ဘုရားထုဆစ်ထားတဲ့အတိုင်းပြီးပြည့်စုံလွန်းတဲ့မျက်နှာချောချော
ကို တစိမ့်စိမ့်ကြည့်ရတာနဲ့တင် အားမရနိုင်ပဲ သူမသိခင်မှာပဲ လက်ချောင်းသွယ်သွယ်လေးက ထိုမျက်နှာပေါ်ပြေးလွှားနေမိတယ်။ရုတ်တရက်ပွင့်လာတဲ့မျက်လုံးတွေကြောင့်လက်ကို
ရုတ်လိုက်ပေမယ့်အချိန်မှီဖမ်းဆွဲတာခံလိုက်ရတယ်။ဒါကဘယ်လိုအခြေအနေကြီးလဲ။ တစ်ယောက်က လက်မောင်းပေါ်အိပ်ကာမော့ကြည့်နေပြီးတစ်
ယောက်ကလက်လေးကိုကိုင်မြတ်မြတ်နိုးနိုးငုံ့
ကြည့်နေတယ်။ အချိန်တွေကရပ်တန့်သွားသလိုပါ
ပဲ။နာရီတွေတစ်ပတ်ပြန်လည်ချိန်မှာတော့
ရှောင်းကျန့်ကအတင်းရုန်းထွက်ပြီးထထိုင်တယ်။ရိပေါ်ကအလိုက်သင့်လေးလွှတ်ပေးလိုက်ပြီးသူပါ
ထထိုင်တယ်။ဘာဆိုဘာမှမမေးပဲစောင်ကိုအတင်းခွာကာကုတင်ပေါ်ကဆင်းသွားတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်လည်းလိုက်ဆင်းကာ ပုခုံးကဆွဲလှည့်လို့ မျက်နှာချင်းဆိုင်မိတယ်။
"ရှောင်းကျန့်..ကိုယ်"
"ဖယ်...ငါပြန်တော့မယ်..ကောစိတ်ပူနေလိမ့်မယ်"
"သိပ်နေကောင်းသေးတာမဟုတ်ဘူး..မိုးလင်းရင်
ကိုယ်ကိုယ်တိုင်ပြန်လိုက်ပို့ပေးပါ့မယ်""မလိုဘူး..မင်းနဲ့အတူရှိနေရတာမသတီဘူး.. မုန်းတယ်"
မျက်နှာကွက်ခနဲပျက်သွားပေမယ့် ရိပေါ်က ပြန်ပြုံးတယ်။လေသံအေးအေးလေးနဲ့ ပြန်ချော့ပြောပြန်တယ်။
"ကိုယ့်စကားကိုနားထောင်ပါကွာ..မင်းကိုယ့်ကိုမုန်းနေမှန်းသိပါတယ်၊ခုထိလည်းနာကျည်းနေတုန်းပဲဆိုတာ သိပါတယ်"
YOU ARE READING
I swear...
FanfictionI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။