(Zawgyi)
ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးကတည်းက ရိပေါ် က အိမ်မပြန်ဖြစ်တော့ဘူး။အလုပ်ရှုပ်နေတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ company မှာပဲ အိပ်တော့တယ်။ရဲတင်းလွန်းလှတဲ့ရှောင်းကျန့်ကိုသူရင်မဆိုင်ရဲသေးဘူး။ရှောင်းကျန့်ဒီလိုပြောင်းလဲသွားတာ
သူ့ပယောဂမကင်းဘူး။အပြစ်ရှိသလိုခံစားရတယ်။ရိပေါ်ဟာစိတ်ပျော့တဲ့သူတော့မဟုတ်ဘူး။ ဒါပေမယ့် ရှောင်းကျန့်ဟာသူ့အတွက်ခြွင်းချက်။ ရှောင်းကျန့်နဲ့ပတ်သက်ရင်ဘယ်လောက်
စိတ်တင်းထားထားသူ့ရှေ့ရောက်ရင်လဲပြိုသွား
တယ်။အလုပ်စားပွဲအောက်က သော့ခတ်ထားတဲ့ အံဆွဲလေးကို ရိပေါ်ဖွင့်လိုက်တယ်။ လက်ထဲပါလာတာတစ်ယောက်ကို
တစ်ယောက်ကြည့်ပြီး အားရပါးရရယ်နေတဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ကောင်လေး
နှစ်ယောက်ဓာတ်ပုံလေး။ယုန်သွားလေးတွေပေါ်အောင်အားရပါးရ
ရယ်နေတဲ့ကောင်လေးမျက်နှာကိုဖွဖွလေး
ထိတွေ့နေမိတယ်။ပြီးတော့ငုံ့နမ်းလိုက်ရင်း
ကိုယ့်ကိုနာကျည်းချက်တွေတော်တော်
များနေခဲ့မှာပဲလို့ တဖွဖွရေရွတ်မိတယ်။Knock....Knock..
တံခါးခေါက်သံကြောင့်ရိပေါ်ဓာတ်ပုံလေးကို
ပြန်ထည့်လိုက်ရင်း.."ဝင်ခဲ့.."
ဝင်လာတဲ့သူ့အတွင်းရေးမှူး ဟောက်ရွှမ်း။
"ဆရာ..ဧည့်သည်ရောက်နေပါတယ်"
"ဘယ်သူလဲ"
"ရှောင်းကျန့်လို့်ပြောပါတယ်"
ရှောင်နေပေမယ့် ရှောင်းကျန့်ကအရှောင်မခံပဲ သူ့ဆီတည့်တည့်ရောက်လာပြီ။
"ဝင်ခိုင်းလိုက်၊ ဘာအကြောင်းကိစ္စရှိရှိလာမနှောင့်ယှက်နဲ့"
"ဟုတ်ကဲ့"
တံခါးဖွင့်သံကြားပြီး ရှောင်းကျန့်ဝင်လာတယ်။
ဒီတစ်ခါ သူ့ကမ္ဘာလေးက အပြာရောင်လေးနဲ့။ အစင်းတွေနဲ့ရှပ်ပြာလေးကို
စတိုင်ဘောင်းဘီအနက်နဲ့တွဲဝတ်ထားပြီး သူ့စားပွဲဆီလျှောက်လာတယ်။ မျက်နှာမှာလည်းအပြုံးတစ်ပွင့်
ဆင်မြန်းထားတယ်။
YOU ARE READING
I swear...
FanfictionI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။