(Zawgyi)
ရှောင်းကျန့်..ကောကို လှည့်ကြည့်တော့ ကောကနားလည်ပါတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။ကောဆီပြန်လျှောက်လာရင်း ကောရင်ခွင်ထဲဝင်မိတော့ကောကအလိုက်သင့်
ဖက်ထားပေးတယ်။ခန္ဓာကိုယ်ချင်းပြန်ခွာသွားပြီး ကောက သူ့ဆံပင်တွေကိုဖွဖွလေးသပ်တင်ပေးတယ်။နဖူး
လေးကိုဖွဖွနမ်းလို့ကောကစကားတစ်ခွန်းပြော
ပြန်တယ်။"နဖူးကိုနမ်းတယ်ဆိုတာ ကျန့်လေးဘာလုပ်လုပ် ကောခွင့်လွှတ်တယ်လို့အဓိပ္ပါယ်ရတယ်"
ကောကိုငေးကြည့်မိတော့ကောကခပ်ယဲ့ယဲ့ပြုံးပြတယ်။ကောကဘာကြောင့်များနာကျင်ရက်နဲ့
ဟန်ဆောင်နေရတာလဲ။ကောကသွားတော့လေဆိုတဲ့ပုံစံနဲ့ခေါင်းဆတ်
ပြတယ်။ကောကိုလှည့်လှည့်ကြည့်ရင်းရှောင်း
ကျန့်လည်းဟိုတယ်ဆီဝင်လာခဲ့လိုက်တယ်။အခန်းနံပါတ်ရေးထားတဲ့ တံခါးလေးရှေ့မှာ ရှောင်းကျန့်က ချီတုံချတုံဖြစ်နေတယ်။ နောက်ဆုံး အားမွေးလို့ တံခါးကိုခေါက်လိုက်တယ်။
"မင်းတို့ကိုငါ့ဆီမလာခဲ့နဲ့လို့ငါပြောထား
တယ်လေ"တံခါးဆွဲဖွင့်ပြီးတာနဲ့တစ်ဆက်တည်းစိတ်တိုစွာ
အော်လိုက်တဲ့လူကြောင့်ရှောင်းကျန့်ကိုယ်လေး
တုန်သွားတယ်။"အာ..ရှောင်း..ရှောင်းကျန့်..."
သူမှန်းသိပြီးဆံပင်စုတ်ဖွားအင်္ကျီဖရိုဖရဲနဲ့ရိပေါ်က
ဂုတ်ကိုပွတ်လို့အယောင်ယောင်အငမ်းငမ်းဖြစ်
သွားရှာတယ်။"ငါ..အထဲကိုဝင်လို့ရမလား.."
"အာ.."
ချီတုံချတုံဖြစ်နေတဲ့ ရိပေါ်ကို တွန်းတိုက်လို့ ရှောင်းကျန့်ကအထဲဝင်သွားတယ်။မြင်လိုက်ရတဲ့
မြင်ကွင်းကကြမ်းပြင်ပေါ်မှာရှုပ်ပွနေတဲ့ဘီယာဘူး
တွေ၊ခေါင်းအုံးနဲ့စောင်ကလည်းကုတင်ပေါ်က
ပြုတ်ကျလို့၊ အင်္ကျီ တွေကလည်း ဟိုတစ်စ ဒီတစ်စပြန့်ကျဲလို့..။"ရှောင်းကျန့်..ဘယ်လိုရောက်လာတာ"
"အရူးကောင်...ငါ့ကိုစွန့်ပစ်ခဲ့ရင်လည်း အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်နေလေ၊ ဘာလို့ ကွာရှင်းပြီး စုတ်ပြတ်သတ်နေရတာလဲ"
YOU ARE READING
I swear...
FanficI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။