(Zawgyi)
အချိန်တွေတောင်တစ်ဖြည်းဖြည်းကုန်လွန်လာပြီ။သူတို့တောင်ကျောင်းပီးတော့မယ်။ရိပေါ်ကကျောင်းတစ်ဖက်နဲ့သူ့အဖေလုပ်ငန်းတွေမှာဝင်ကူလုပ်နေ
ပြီ။အချိန်တွေကပဲအချစ်တွေကိုတိုက်စားပစ်တာ
ကြောင့်လား၊ရိုးသွားတာကြောင့်လားမသိဘူး
အခုတလောရိပေါ်ကောင်မလေးတစ်ယောက်နဲ့တွဲ
နေတယ်ဆိုတဲ့သတင်းတစ်ချို့လည်းသူ့နားထဲရောက်လာတယ်။သူမမေးရဲဘူး။
သူမေးလိုက်လို့သူတို့နှစ်ယောက်ပတ်သက်မှု ပြီးဆုံးသွားရင်ဘယ်လိုလုပ်မလဲ။ အဆုံးထိရိပေါ်ကိုယုံကြည်ချင်တယ်...။ဒီနေ့ သူတို့ကျောင်းနဲ့ ရိပေါ်တို့ကျောင်း activity တစ်ခုကိုပူးပေါင်းလုပ်မယ့်နေ့။ရိပေါ်အံ့သြသွားစေ
ချင်တာကြောင့်မပြောပဲသွားလိုက်တာကယုံကြည်မှုကိုပျက်ပြယ်သွားစေတာလား။"စီနီယာရှောင်း..သူတို့ခန်းမထဲမှာဆုံမယ်ပြောထားတာ"
"ဟုတ်လား၊ ညီတို့သွားနှင့်လေ၊ အကိုက သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီလိုက်ခဲ့မယ်"
"ဟုတ်"
ရိပေါ်အတန်းရောက်ခဲ့ပေမယ့်ရိပေါ်ကကန်တင်းမှာဆိုတာကြောင့်ကန်တင်းကိုလိုက်လာမိတယ်။ အနုပညာတက္ကသိုလ်က the whole king ကြီးရောက်လာတာကြောင့် အကုန်လုံးက ညံပွက်နေတာ။
ကန်တင်းရောက်တော့ရိပေါ်ကသူ့ကိုကျောပေးထိုင်နေတယ်။လူတစ်ယောက်ကမတ်တပ်ရပ်ကာထထွက်လိုက်တာမို့ရိပေါ်ဆီသွားမလိုလုပ်နေတဲ့ခြေလှမ်းတွေကတုံ့ခနဲ။ခုနကထိုလူကွယ်နေတာမို့မမြင်ရတာ
ရိပေါ်ဘေးနားမှာကောင်မလေးတစ်ယောက်ကပ်ထိုင်နေတယ်။"အား!! ဟိုတစ်ယောက်က အနုပညာတက္ကသိုလ်က
the whole king ကြီးမလား""အား!! ဟုတ်တယ် ဟုတ်တယ်"
ကောင်မလေးတွေရဲ့ အော်သံကြားပြီး ရိပေါ်ကလှည့်ကြည့်တယ်။ သူ့ကိုမြင်တော့အံသြ
သွားတဲ့ပုံ။သူချက်ချင်းလှည့်ပြေးမိတယ်။ဘာကြောင့်လှည့်
ပြေးမိလဲသူလဲမသိဘူး။နောက်ကပြေးလိုက်လာတဲ့ခြေလှမ်းတွေကြားတယ်။ ရိပေါ်ပဲဖြစ်မှာ။ ဟင့်အင်..မလိုက်ခဲ့နဲ့။
YOU ARE READING
I swear...
FanficI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။