(Zawgyi)
ဥက္ကဌလီတို့လင်မယားဘယ်နှနှစ်မြောက်နှစ်ပတ်
လည်ဆိုလားပဲသွားဖို့ရန်အတွက်ရှောင်းကျန့်
ပြင်ဆင်နေရတယ်။သူအမှန်တကယ်မသွားချင်
ဘူး။ ဝမ်ရိပေါ်နဲ့လည်းမတွေ့ချင်ဘူး။ ဝမ်ရိပေါ်
့ရဲ့ စူးစူးနင့်နင့် ဆွေးဆွေးမြေ့မြေ့အကြည့်တွေကို မခံချင်ဘူး။ဝမ်ရိပေါ်အပေါ်ခံစားချက်ရှိနေသေးတာလား။
မဖြစ်နိုင်တာ။သူ့အပေါ်ရက်ရက်စက်စက်လုပ်
သွားတဲ့သူကိုလား။သူကဒီအတိုင်းသူခံစားခဲ့ရသ
လိုခံစားစေချင်တာ။ဒါပေမယ့်သူနဲ့တွေ့တိုင်းအခါတိုင်းအရာရာအရှုံးပေးနေပါတယ်ပုံစံနဲ့မြင်နေရတဲ့ ဝမ်ရိပေါ်ပုံစံကြောင့်သူတကယ်အဆင်ပြေမနေခဲ့
ဘူး။ဒေါက်..ဒေါက်..ဒေါက်
တံခါးခေါက်သံနဲ့အတူကောရဲ့အသံထွက်လာ
တယ်။"ကျန့်လေး..ပြင်ပြီးပြီလား"
ဟုတ်တယ်။ငါ့မှာကောရှိတယ်။ကောကိုသစ္စာ
ဖောက်လို့်မဖြစ်ဘူး။ကောရူးသွားလိမ့်မယ်။
သူ့ကိုထပ်ပြီး ဆုံးရှုံးရရင် ကောဘာဖြစ်သွားမလဲ သူမတွေးရဲဘူး။အရိပ်တကြည့်ကြည့်ကြည့်ပြီး
သူ့ကိုပြန်လည်ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့
ကောကို သစ္စာဖောက်လို့မဖြစ်ဘူး။"အင်း..ကော"
အခန်းထဲဝင်လာတဲ့ကောကသူ့ကို အမြတ်တနိုးနဲ့ စိုက်ကြည့်နေတာကြောင့် နေရခက်နေမိတယ်။
"ကော...သွားရအောင်လေ"
"......"
"ကော.."
သူ့စကားကြားတဲ့ပုံမပေါ်တဲ့ကောကသူ့ကိုပဲ မလွှတ်တမ်းစိုက်ကြည့်နေတယ်။ရုတ်တရက်ဆွဲ
ဖက်လိုက်တဲ့ကောကြောင့်အနေရခက်စွာရုန်းဖို့ပြင်လိုက်မိတယ်။"ကျန့်လေး..ကောကိုမထားခဲ့ပါနဲ့၊ ကောဆီက မထွက်သွားပါနဲ့၊ ကော..ကျန့်လေးကို အဆုံးရှုံးမခံနိုင်ဘူး"
ဟိုတစ်နေ့က ထွက်သွားပြီးကတည်းက ကောက စိတ်ရောဂါဝင်သွားသလိုပဲ။ညဘက်ဆိုလည်းမ
အိပ်တော့ပဲထိုင်နေပြီးသူ့ကိုပဲတစ်ညလုံးကြည့်နေတတ်တယ်။အလုပ်လည်းမသွားတော့ပဲသူ့နောက်တစ်ကောက်ကောက်လျှောက်လိုက်နေတယ်။

YOU ARE READING
I swear...
FanfictionI swear...လို့ပဲပြောပေး...ငါအားလုံးယုံကြည်ဖို့်အသင့်ပဲ။ 520 day or Chinese Valentine Day အမှတ်တရ Fic. ကျေးဇူးပြု၍Fic ကို fic လို့ပဲမြင်ပေးပါ။ ဝေဖန်မှုများစွာကို လိုလားစွာလက်ခံပါ၏။