part17

125 12 2
                                    

(Unicode)

ရိပေါ်နိုးလာတော့ ညကသူ့ရင်ခွင်ထဲထည့်သိပ်ထားတဲ့ရှောင်းကျန့်ကိုမတွေ့တော့။

မျက်နှာသစ်ကိုယ်လက်သန့်ရှင်းပြီး ထွက်လာတော့ စားပွဲခုံပေါ်မနက်စာကအဆင့်သင့်အုပ်
ထားတယ်။

လူကတော့အရိပ်အယောင်ကိုမတွေ့တာ။

"ရှောင်းကျန့်.."

အသံပြုလို့လိုက်ရှာတော့တစ်အိမ်လုံး ရှောင်း
ကျန့်အရိပ်အယောင်ကိုမတွေ့တာ။ စိတ်ညစ်
ညစ်နဲ့ အိမ်ရှေ့မှာသာ ထိုင်နေရင်း မျက်စိတစ်ဆုံးပင်လယ်ပြင်ကြီးကိုငေးကြည့်မိတယ်။ ရှောင်း
ကျန့်ကသူ့ကိုထားသွားပြန်ပါတယ်။
.
.
.

"ရိပေါ်.."

အော်ခေါ်သံကြားလို့အမြန်ခေါင်းစောင်း
ကြည့်မိမှ ကုန်း​​မြင့်လမ်းအတိုင်းအထုပ်
တွေတစ်ပွေ့တစ်ပိုက်နဲ့တက်လာတဲ့ရှောင်းကျန့်
ကိုတွေ့ရတာပဲ။

ထင်မှတ်မထားတာမို့ရိပေါ်ကနေရာမှာပဲတောင့်တောင့်ကြီးရပ်နေမိတယ်။ ရှောင်းကျန့်က သူ့ကိုထားသွားတာမဟုတ်ဘူးလား။

"ရိပေါ်....ရိ"

အထုပ်အပိုးတွေချလို့ ရိပေါ်ရှေ့ကို လက်လေး
ဝေ့ယှမ်းပြတော့ ရိပေါ်ကအခုမှအသိဝင်လာသလိုရှောင်းကျန့်ကို သိမ်းကြုံးဖက်တော့တာပဲ။

"ကိုယ့်ကိုထားခဲ့ပြီမှတ်တာ...ရှောင်းကျန့်
ကိုယ့်ကိုထားခဲ့ပြီမှတ်နေတာ".

စကားတစ်ခွန်းကိုအထပ်ထပ်ရွတ်လို့ ဖက်ထားတာတောင်လွတ်ထွက်သွားမည့်အလား တိုးတိုးဖက်လာတဲ့ရိပေါ်ကြောင့် ပြန်လည်သိုင်းဖက်မိ
​ပြန်တယ်။

​ရှောင်းကျန့်ဆံပင်ပေါ်စိုစွတ်လာတဲ့အထိအတွေ့ကရိပေါ်ငိုနေတာမဖြစ်ဖို့တိတ်တိတ်လေး
ဆုတောင်းရင်း။
.
.
.
.
"ရိပေါ်..ငါ..စျေးကနေ အဝတ်အစားအနည်းငယ်နဲ့ စားစရာဝယ်လာတယ်သိလား..ရွာစျေးဆိုတော့အရမ်းတန်တာပဲ"

လက်ထဲကအထုတ်တွေသေချာသိမ်းဆည်းရင်း
ရှောင်းကျန့်က သဘောကျသလိုဆိုပြန်တယ်။

"ပင်လယ်ရောက်တုန်းရောက်ခိုက် ပင်လယ်စာဟင်းရည်ချက်စားကြမလား..ဟုတ်တယ်..နေ့လည်စာအဲဒါပဲလုပ်လိုက်မယ်..နော်. ရိပေါ်"

I swear...Where stories live. Discover now