Chapter 1

6.6K 376 20
                                    

(Unicode)

ဒီလူရဲ့ အာရုံစူးစိုက်နေပုံက အရမ်းပဲ ခန့်ညားတယ်။ အဖြူရောင် ရှပ်အင်္ကျီကို ကြယ်သီးအပြည့်တပ်ထားပြီး သေသပ်စွာ ဝတ်ဆင်ထားပုံက တကယ်ပဲ လူကြီးလူကောင်းဆန်ပြီး အထင်ကြီးလောက်စရာ အဆင့်အတန်းတစ်ခုကို ဖော်ပြနေတယ်။

လက်ကောက်ဝတ်ထိ ဖုံးအုပ်ထားတဲ့ ရှပ်အင်္ကျီရဲ့ အလွန်မှာတော့ သွယ်လျသေးသွယ်တဲ့ လက်ချောင်းလေးတွေက keyboard ပေါ်မှာ အဆက်မပြတ် လှုပ်ရှားနေတာကို တွေ့ရတယ်။ 16° ထားထားတဲ့ အခန်းအပူချိန်မှာရှိနေတာတောင် သူ့နှာဖူးပြင်မှာ ချွေးအနည်းငယ်စို့နေသယောင်ပဲ။ သူက အားလုံးနဲ့ အဆက်အသွယ်မဲ့နေပြီး သီးသန့်ကမ္ဘာတစ်ခုကို ရောက်ရှိနေသလိုမျိုး။ ဒီမြင်ကွင်းက တကယ်ပဲ ပန်းချီကားတစ်ချပ်နဲ့ တူတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ဒီလူကို သူ့ရဲ့ ကမ္ဘာထဲက ဆွဲထုတ်ရတော့မယ်။

"ဆရာ Xiao"

အဲဒီလူက သူခေါ်တာ ကြားတဲ့ပုံမပေါ်ဘူး။ သူ့ရှေ့က screen ကို မျက်နှာမူထားဆဲပဲ။

Bai An လေသံနည်းနည်းမြှင့်ပြီး ထပ်ခေါ်လိုက်တယ်။

"ဆရာ Xiao"

ဒီတစ်ကြိမ်တော့ အဖြူရောင် ဝတ်စုံနဲ့ လူက Bai An ဘက် လှည့်လာတယ်။

"ဪ Bai An"

Xiao Zhan က သူ့ရဲ့ မျက်မှန်ပါးကို တစ်ချက်ပင့်တင့်လိုက်ပြီး ပြန်ဖြေတယ်။ သူ့လေသံကလည်း ရုပ်ရည်နဲ့လိုက်အောင် နူးညံ့နေတာပဲ။

"အချိန်ကျပြီ ဆရာ"

Bai An ရဲ့ စကားကို ကြားတော့ Xiao Zhan က သူ့ဘေးက ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ယောက်ျားပျိုတစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး မတ်တတ်ထရပ်တယ်။ ဟုတ်တယ် သူ့ဘေးမှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရှိနေခဲ့တာ။ အင်း အတိအကျပြောရရင်တော့ လူပုံသဏ္ဍာန်တစ်ခုပေါ့။ သူ့ဘေးက monitor screen မှာတော့ 60% ဆိုတဲ့ ရာခိုင်နှုန်းတစ်ခုကို ပြထားတယ်။

"သွားကြစို့"

XiaoZhan နဲ့ Bai An အခန်းထဲကထွက်ပြီး ဦးတည်လာတာကတော့ ဒီ Base ရဲ့ ဧည့်ခန်းပါပဲ။ ဧည့်ခန်းထဲမှာ TV က ဖွင့်လျက်သား။ လောလောဆယ် TV screen မှာ မြင်နေရတာက ဘဲဥ ပုံသဏ္ဍာန်ခုံတန်းတွေမှာ ထိုင်ပြီး ငြင်းခုံနေကြတဲ့ လွှတ်တော်အမတ်တွေပဲ။

Ending the BeginningDonde viven las historias. Descúbrelo ahora