1

19.6K 910 73
                                    

အချစ်ဟာတစ်ခါတစ်လေမှာ
Vanilla လိုနူးညံ့ချိုမြိန်မှုကိုပေးပြီး
Espresso လိုလည်း အေးစက်ခါးသက်
နေတတ်တယ်။
ဒါကြောင့်ချစ်ခြင်းမေတ္တာအတွက်
ကိုယ့်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က.........
ချိုမြန်မှုနဲ့ခါးသက်မှုရောစပ်ထားတဲ့
Affogatoလေးတစ်ခွက်။

~~~~~~

လူသန်းပေါင်းများစွာရှိတဲ့ကမ္ဘာကြီးထဲမှာမှ
ှရှောင်းကျန့် ဟာသူ့ရဲ့မြတ်နိုးခြင်းစုဘူးလေးကို
မူလတန်းကျောင်းရှေ့က အုတ်ခုံလေးပေါ်မှာ
ရှာတွေ့ခဲ့တယ်။

ဝဝကစ်ကစ် လုံးလုံးကျစ်ကျစ်ခန္ဓာ
ကိုယ်လေးနဲ့ ပါးမို့မို့လေးတွေပိုင်ဆိုင်ထားတဲ့
ပေါက်စီလုံးလေးကို ဘုရားသခင်က
လူဆိုးကြီးကျန့်အတွက် ဖန်ဆင်းပေးလိုက်တယ်
ထင်ပါရဲ့ ။

ရှောင်းကျန့်ဆိုတာTakashi ဂိုဏ်းရဲ့
ဒုခေါင်းဆောင်။

Takashiက ဂျပန်အခြေစိုက်ဂိုဏ်းဖြစ်ပေမယ့်
အာရှတိုက်ရဲ့နိုင်ငံတိုင်းလိုလိုမှာဂိုဏ်းခွဲတွေရှိတယ်။
ရက်စက်ပြီးတရားမျှတမှုကို အလေးပေးတဲ့ဂိုဏ်းမျိုး

ဂိုဏ်းသားတွေဟာဒုခေါင်းဆောင်ဖြစ်တဲ့
ရှောင်းကျန့်ကို ပိုကြောက်ရွံ့ကြတယ် ။

အဲ့နေ့က အလစ်ဝင်တိုက်တဲ့ ကြွက်ဆိုး
တွေကြောင့် ရှောင်းကျန့်သေနတ်ဒဏ်ရာရ
လာတယ်။ပုံမှန်ဆိုနောက်လိုက်တပည့်တွေ
ပါပေမယ့် ပါးနဲ့မားရဲ့နှစ်ပတ်လည်နေ့မို့
ဘယ်သူ့မှမခေါ်ခဲ့တာ ။

အရေးအကြောင်းဆို ကျန်းချန်တို့က
ဘယ်သဝေထိုးနေမှန်းမသိ ။
ဒဏ်ရာကလည်းနဲနဲပြင်းတာမို့ လူကပစ်လဲမိချင်
နေပြီ ။ ပြေးရင်းပြေးရင်းနဲ့မူလတန်း
ကျောင်းလေးရှေ့တောင်ရောက်လာတယ် ။

"အဟင.့် ......အီး....ရွှတ်''

ရှောင်းကျန့်ကြည့်လိုက်တော့ အကျီအစိမ်း
ဘောင်းဘီအစိမ်းနဲ့ဖြူဖြူဥဥ အစိမ်းလုံးလေး။

အုတ်ခုံလေးမှာထိုင်ရင်းရှိုက်ကြီးတငင်ကိုငိုနေတာ။
ကိုယ့်ကိုအသက်ချမ်းသာပေးဖို့ ငိုယိုတောင်းဆိုတဲ့
သူတွေကို မျက်တောင်တစ်ချက်မခတ်ဘဲ
သတ်ပစ်နိုင်တဲ့ ဒီလူဆိုးကြီးက အစိမ်းလုံးလေး
ငိုနေတာကိုတော့ မျက်ကွယ်မပြုနိုင်ခဲ့ဘူးတဲ့။
ချစ်ခြင်းတွေဟာဘက်လိုက်တတ်တယ်ထင်ပါ
တယ်......

AffogatoWhere stories live. Discover now