4

6.5K 698 54
                                    

#Zawgyi

ဝမ်ပုစိတစ်ယောက် ရေချိုးခန်းထဲသွားရင်း
တစ်ခုခုကိုရှာနေတယ် ။

လိုချင်တာရသွားတဲ့ဝမ်ပုစိဟာ တခစ်ခစ်
ရယ်မောပြီး လူဆိုးကြီးရှိရာကုတင်
ပေါ်ကိုခပ်မြန်မြန်လေးတက်လိုက်တယ်။

ဒီလိုကိစ္စမျိုးကမြန်လေ ကောင်းလေမလား(^_^)

ပါးပါးကတောင် ဥာဏ်ကြီးရှင်လေးလို့ ချီးကျူးရတဲ့
ဝမ်ပုစိလေးဟာတကယ်ကိုပဲ ဖြတ်ထိုးဥာဏ်ကောင်း
လွန်းလှတယ်။

ရှောင်းကျန့်သတိရလာပေမယ့် ဆေးအရှိန်ကြောင့်
လူကကောင်းကောင်းမလှုပ်နိုင်သေး။

မျက်လုံးဖွင့်ဖို့အရှိန်ယူနေဆဲအချိန် ကိုယ့်မျက်နှာ
တစ်ခုလုံးနွေးသွားသလိုခံစားရတာကြောင့် မျက်လုံး
ကိုဖြည်းဖြည်းလေးဖွင့်ကြည့်မိတော့ ဟိုကလေးက
သူ့ကိုအာဘွားတွေအများကြီးပေးနေတာ....။

အမှန်ဆိုရှောင်းကျန့်မကြိုက်ဘူး..
ဒီလိုအာဘွားပေးတာကို......(͡° ͜ʖ ͡°)

ဘာလို့မျက်နှာတစ်ခုလုံးမှာ နှုတ်ခမ်းပဲကွက်ပြီး
အာဘွားမပေးတာလဲ....။

ဝှိုင်း ဘေဘီ ဝှိုင်း(╯︵╰,)

မသိမသာလေးခိုးကြည့်မိတော့ ကလေးကနှုတ်ခမ်း
ကိုအာဘွားပေးဖို့အခက်တွေ့နေတယ်ထင်ပါရဲ့။

မျက်ခုံးနှစ်ခုကိုကျုံ့ ၊ ခေါင်းလေးကိုကုတ်ပြီး
စဉ်းစားနေတဲ့ဒီလုံးလုံးလေးကို အသဲယားလွန်းလို့
ဖျစ်ညှစ်ချင်နေပြီ ။

နောက်ထပ်တစ်မိနစ်မှ ဒီပုစိ မနမ်းရင်
ရှောင်းကျန့် အရင်နမ်းတော့မယ်လို့လည်း
တွေးထားတယ်.....။

ရှောင်းကျန့်က ဒီလိုနေရာမျိုးမှာ သိပ်စိတ်ရှည်
တတ်တာမဟုတ်....။

ရှောင်းကျန့်တွေးနေတုန်းမှာပဲ
ဝမ်ပုစိဟာ လုံးတုံးလုံးတုံးနဲ့ကုတင်ပေါ်ကပြေးဆင်း
သွားတယ်...........။

အခု ရှောင်းကျန့်ဆန္ဒတွေပြည့်ဝတော့မယ်။

ဝမ်ပုစိဟာတစ်ဖြည်းဖြည်းနဲ့ ရှောင်းကျန့်
့်နှုတ်ခမ်းနားကိုတိုးကပ်လာတော့
ရှောင်းကျန့်ကလည်း
မသိမသာလေး နှုတ်ခမ်းကိုဆူပေးထားတယ်။

AffogatoWhere stories live. Discover now