Zawgyi
မွေးနေ့ကိတ်မုန့်ခွဲပြီးတည်းက ပျောက်သွားတဲ့
ဝမ်ပုစိကို စိတ်ပူလို့လိုက်ရှာမယ်လုပ်ကာမှ ယူနာ
ဆိုတဲ့ ကလေးမလေးက သူနဲ့ဆော့ပေးဖို့ပြောနေ
တာကြောင့် ရှောင်းကျန့်မှာအားနာနာနဲ့ ကစား
ပေးနေရတယ်။ဧည့်သည်တွေပြန်သွားတာနဲ့
ရှောင်းကျန့်မှာ ဝမ်ပုစိရှာပုံတော်ခန်းဖွင့်ရတယ်။
နောက်ဆုံးတော့တွေ့ပါပြီ။ သူ့ကလေးလေးက
မေပယ်လ်ပင်အောက်မှာ ငုတ်တုတ်လေးထိုင်နေတာ။ရှောင်းကျန့်လာရာဘက်ကို ကျောပေးပြီးထိုင်နေ
တာကြောင့် စနောက်မယ်ဆိုပြီး ကြံမိတဲ့ ရှောင်းကျန့်
အတွေးတွေဟာ တစ်ချက်တစ်ချက် တုန်တုန်သွား
တဲ့ ကိုယ်လုံးသေးသေးလေးကြောင့် ကြက်ပျောက်
ငှက်ပျောက်။*ဒီကလေး ငိုနေပြန်ပြီလား*
ပူထူသွားတဲ့စိတ်ကြောင့် ပုစိအနားတိတ်တိတ်
လေးသွားကြည့်တော့"ကိုကိုကငါ့ကိုမချစ်ဘူး။ ကိုကိုကငါ့ကိုမချစ်ဘူး''
သစ်ခက်မှ သစ်ရွက်တစ်ရွက်ခြွေလိုက် ကိုကိုက
ငါ့ကိုမချစ်ဘူးပြောလိုက်နဲ့ အလုပ်ရှုပ်နေတဲ့
ဝမ်ပုစိရယ်ပါ။
"အီး...ကိုကိုကငါ့ကိုတကယ်မချစ်တော့တာ''နောက်ဆုံးသစ်ရွက်ကုန်သွားတဲ့အထိ
ကိုကိုကငါ့ကိုမချစ်ဘူးဆိုတဲ့ စကားပဲပြော
နေတဲ့ဝမ်ပုစိကြောင့် ရှောင်းကျန့်မှာ ဒေါသထွက်
်ရခက်၊ ဝမ်းနည်းရခက်။
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်