#Zawgyi
ရှောင်းကျန့်အခု ငိုချင်နေပြီ။
အဲ့ကလေးကစကင်းကဲဆိုလား ဘာလား။
အဲ့တာကြီးလုပ်ဖို့တဲ့။ပျားရည်နဲ့ သကြားရောပြီးလူးနေတာ။သူ့ကိုယ်သူ
လိမ်းရုံတင် မကဘဲ ရှောင်းကျန့်ကိုပါလူးပေးနေတာ။ဘာတဲ့! !!
ကိုကို့အသားအရည်လေးလှအောင်တဲ့။
အခုတော့ ရှောင်းကျန့်မှာ ပုရွက်ဆိတ်အကြိုက်
ကြံသကာတုံးကြီးဖြစ်နေပြီ။ဝမ်ပုစိတစ်ယောက် လုပ်ချင်တာလုပ်နေရရင် တဟီးဟီးနဲ့သဘောကျနေရော။
မနက်ကျရင် အခန်းထဲက ကောင်မလေးတွေ သူ့အနား ဝိုင်းဝိုင်းလည် နေတော့မှာမြင်ယောင်ပြီး အူမြူးနေလေရဲ့။
"ရိပေါ် အိပ်ရဲလို့လား''
"စူပါမန်းပါဗျ သရဲမကြောက်တတ်တဲ့ စူပါဝမ်
လေး''"အင်း ရိပေါ် အိပ်ရဲရင် ပြီးရော။ တစ်ခုခုဆို ကိုကို့ ကိုနှိုးလိုက်နော်။ ''
"ဟုတ်''
ကိုကိုကလေ ဝမ်ပုစိကိုဆို သိပ်အထင်သေးတာပဲ။
ဒီအချက်တော့ ကိုကို့ကို သဘောမကျဘူး။ပွစိပွစိနဲ့
လိုက်ပြောနေတာ အဖိုးကြီးကျနေရော။ဒါပေမဲ့
ဟုတ်လို့ပဲ ဖြေလိုက်ပါမယ်။ မာမားကပြောတယ်။
လူကြီးတွေက လိမ္မာတဲ့ကလေး တွေဆိုချစ်ကြတယ်တဲ့။ဝမ်ပုစိက အချစ်ခံလူတန်းစားလေးပဲဖြစ်ရမှာ။ထမင်းစားခန်းထဲက လုံးလုံးလုံးလုံးနဲ့ ပြေးထွက်သွားတဲ့ဝမ်ပုစိကိုကြည့်ပြီး၊ ရှောင်းကျန့်တစ်ယောက်
ဝင်လေထွက်လေ ရှုနေရလေရဲ့။*ကလေးက ငယ်သေးတယ်။ကလေးက ငယ်သေး
တယ်။ မက်မွန်သီးလေး ကလုံးလုံးလေး။နောက်က
ကြည့်တော့ပိုလှတယ်*"အား !!!!ရူးတော့မှာပဲ ဒီကလေးကြောင့်''
ရှောင်းကျန့် ရေချိုးခန်းထဲ ဝင်လာပြီး သူ့ကလေး
လက်ကမြင်းထားတဲ့ စကင်းကဲဆိုတာကြီး ကိုအရင်
ဆေးချရတယ် ။ဒီကလေးကိုချစ်ရတာ မလွယ်ကူဘူး ဟူး...။
~~~~~~~~~
ဝမ်ပုစိ တို့ ဇာတ်လမ်းအခုမှ စပြီ။အိပ်မက်ဆိုး
မက်ပြီးနိုးလာတော့ အပြင်မှာ မိုးတွေက သဲကြီး
မဲကြီး ကို ရွာချနေတာ။ မီးကလည်း ပျက်။အဲ့တာ
ကြောင့် လူကြီးတွေကပြောနေကြတာ။EPCနဲ့
သိကြားမင်းက လင်မယားတဲ့။
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်