15

4.6K 450 66
                                    

#Zawgyi

ရှောင်းကျန့် သူ့ ရင်ခွင်ထဲ လှုပ်တုပ်လှုပ်တုပ်လုပ်နေ
တဲ့ အကောင်ပေါက်လေးကို လက်နှစ်ဖက်နဲ့ ဆွဲညှစ်
လိုက်တယ်။

"အစောကြီးရှိသေးတယ်။ မထနဲ့ဦး''

"ဟွန်း ကိုကိုမေ့နေတာလား။ ဒီနေ့မားမွေးနေ့လေ။
ပြီးတော့ သားcrush လေးလည်းလာမှာ''

"ဝမ်လေးက crushရှိတယ်ပေါ့''

လူဆိုးကြီးကျန့်မေးတာကို ဝမ်ပုစိကလက်ငါးချောင်း
ထားပြပြီး

"အွန်း ငါးယောက်တောင် ဟိ ဟိ''

သူ့ဘာသာသူပြောပြီး သဘောကျနေတဲ့ ဝမ်ပုစိကို
လူဆိုးကြီးကျန့်က မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းရမ်း
ပြတယ်။

"ကိုကိုလည်း ထတော့လေ။မားကိုသွားကူညီမယ်။
လာလာ ကိုကို''

ဝမ်ပုစိဟာ သူ့လက်သေးသေး တိုတိုလေးတွေနဲ့
လူဆိုးကြီးကျန့်ကို အတင်းဆွဲထူနေတယ်။အပျင်း
ကြီးတဲ့ လူဆိုးကြီးကျန့်က သူ့ကိုနှိုးနေတဲ့
ဝမ်ပုစိလက်သေးသေးလေးတွေကို သူ့လက်
တစ်ဖက်
တည်းနဲ့ချုပ်ပြီး ပုစိကိုယ်လုံးအိအိလေးကို သူ့ရင်
ဘတ်ပေါ်ဆွဲတင်တယ်။အခုတော့ ဝမ်ပုစိမှာ
လူဆိုးကြီးကျန့်ရင်ခွင်ပေါ်မှာ မှောက်ရက်ကလေး။

"ကိုကိုအရမ်းပင်ပန်းနေတယ် ဝမ်လေး။မထချင်
သေးဘူး''

"ဘာလို့လဲဟင်။ ကိုကို နေမကောင်းဘူးလား''

နေမကောင်းဘူးလို့ငြီးလိုက်တာနဲ့ သူ့လက်ဖဝါးနုနု
လေးနဲ့ ရှောင်းကျန့်နဖူးကို အသာထိပြီး ကိုယ်ပူချိန်
တိုင်းတဲ့ ဂွမ်းလုံးလေးကြောင့် ရှောင်းကျန့်မှာ
မြတ်နိုးစိတ်တွေတဖွားဖွားဖြစ်ရတယ်။

"အင်း..ကိုကို ပင်ပန်းနေလို့ ။အဲ့တာကြောင့်
ဝမ်လေးက အားဆေးတိုက်ပါလား''

"အွန်း ဘယ်ဆေးသောက်မလဲဟင်''

"ဆေးမသောက်ချင်ဘူး။ ဝမ်လေးက ကိုကို့ကို
အာဘွားပေးရင် ဒီကိုကိုက ချက်ချင်းအားတွေ
ပြည့်လာမှာ''

"တကယ်လားဟင်''

သူပြောသမျှယုံတဲ့ ကလေးပေါက်စကို ရှောင်းကျန့်
ခေါင်းညှိတ်ပြပြီး

AffogatoWhere stories live. Discover now