#Zawgyi
ရှောင်းကျန့်ကညဘက် ဘယ်လောက်ညဥ့်နက်နက် ၊
မနက်စောစော အိပ်ယာနိုးတတ်သူမို့ ၊အထူး
တလည် နှိုးစက်ပေးနေရာမလို။အိပ်ယာနိုးနိုးခြင်း ရှာမိတာကသူ့ရဲ့ပုစိလေး။
ညအိပ်ဝတ်စုံ အပြာကွက်လေးနဲ့ မှောက်ရက်လေးအိပ်ပျော်နေတဲ့ အဖြူလုံးလေးက တကယ့်ကို
ချစ်မဝလေး။အသဲယားလွန်းလို့ အိပ်ယာကအသာမပြီး သူ့
ရင်ဘတ်ပေါ်ဆွဲတင်ကာ လက်နှစ်ဖက်နဲ့ အနွေးလုံးလေးကိုဖက်ထားလိုက်တယ်။ဆံနွယ်အိအိလေးတေ၊ွ
ဖောင်းနေတဲ့ပါးလေးနှစ်ဖက် ၊
နဖူးပြေပြေလေး၊
မျက်ခွံမို့မို့လေး ၊
နှာခေါင်းလုံးလုံးလေး...
စတဲ့ သူ့ကလေးရဲ့မြတ်နိုးဖွယ်ရာအစုစုကို မွှေးမွှေး
ပေးဖို့လည်း၊လူဆိုးကြီးကျန့်က မေ့မနေခဲ့ဘူး။ဒီလောက် အသားယူနေတာတောင် နိုးမလာတဲ့
ဝမ်အိပ်ပုတ်လေးကို လူဆိုးကြီးကျန့်က သဘော
တကျကျနဲ့ ပြုံးပြီးကြည့်နေလေရဲ့။ကလေးမျက်နှာပေါ် ဖြာကျလာတဲ့ နေခြည်နွေးနွေး
ကြောင့်ရှောင်းကျန့်ဟာ နေမင်းနဲ့ တတိယကမ္ဘာစစ်
ဖြစ်ဖို့ အလားအလာမှာရှိနေတယ်။တစ်ခါ တစ်ခါ ဖြတ်ခနဲ တိုက်ခတ်တတ်တဲ့
လေပြည်အေးနဲ့လည်း ရှောင်းကျန့် ကစီးချင်းထိုး
ချင်နေပြီ။အကြောင်းပြချက်ကတော့ သူ့ရဲ့ဝါဂွမ်းဖြူလေး
အိပ်ရေးပျက်မှာဆိုးလို့ပါတဲ့။လူဆိုးကြီးကျန့် က သူ့ကလေးလေးကြောင့် သဘာဝ
တရားကြီးကို မကျေမနပ်ဖြစ်နေသလောက်
အနွေးလုံးလေးကတော့ လူဆိုးကြီးရင်ခွင်ကျယ်ကြီး
ထဲမှာ အပူအပင်မရှိ အိပ်မောကျနေလေရဲ့။
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်