#Zawgyi
"ကျွန်တော်ဘာကူညီပေးရဦးမလဲ ''
"ရတယ် သားရေ ။ ဒီမုန့်လေး လုပ်
ပြီးရင်ပြီးပြီ''"Leum Kleunလုပ်နေတာလား"
"အယ် ဒီမုန့်သိတယ်လား''
"ထိုင်းရိုးရာ အစားအစာမလား။သကြားလုံးပုံစံအချို
မုန့် လေးလေ''"ဟုတ်တယ် ဟုတ်တယ်။ဟိုတစ်လောကweibo
မှာမုန့်လုပ်နည်းတွေ့မိလိုက်လို့ စမ်းလုပ်ကြည့်တာ။
ဝမ်လေးက မုန့်အချိုတွေဆိုအရမ်းကြိုက်တယ်
လေ''"အဲ့တာဆို ကျွန်တော်ပါဝိုင်းကူပေးမယ်။ထိုင်းကို
အလည်သွားတုန်းက မုန့်လုပ်နည်းသင်ခဲ့တယ်''"အဲ့တာဆို ကူညီပေးပါဦး''
ပါဝင်တဲ့ingredientတွေကိုအချိုးကျကျရောစပ်
ပြီး မုန့်လုပ်ပေးနေတဲ့ ရှောင်းကျန့်ပုံစံက အနုပညာ
လက်ရာမြောက်တဲ့ပန်းချီကားတစ်ချပ်လို။နောက်ဆုံးအနေနဲ့  ပဲစေ့လေးတွေကို ကြွပ်ကြွပ်လေးနဲ့  crispyဖြစ်တဲ့အထိကြော်ပြီး အလှဆင်ပြီးတဲ့အခါမှာတော့မုန့် သားလေးက ကြည်ကြည်
လင်လင်လေးနဲ့  နူးနူးညံ့ညံ့လေးဖြစ်နေတဲ့
Leum Kleun လေးကိုရခဲ့ပြီ။Leum Kleun
"ဒီမုန့် လေးလုပ်ရင် သတိထားရမယ့်အချက်က မုန့် သားက အေးခဲလွယ်လို့  ပူနွေးနွေးဖြစ်နေချိန်မှာပဲ stepတစ်ခုချင်းကိုပြီးအောင်လုပ်ပေးဖို့ ပဲ ''
"သားက တော်လိုက်တာ။အန်တီတော့မချီးကျူး
ဘဲမနေနိုင်တော့ဘူး''"အာ မဟုတ်တာ။ဒီမုန့်လုပ်နည်းကိုက
လွယ်လို့ပါ ''" ဒီမုန့်လေးမြင်ရင်တော့ ဝမ်လေးပျော်နေမှာပဲ။
ဒါနဲ့သားက မုန့်လုပ်ရတာပျော်တယ်ထင်တယ်။
ပြုံးနေတာပဲ''
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်