#Zawgyi
ဝမ်ပါး အခုခေါင်းမီးတောက်ရုံတင်မက လောင်ပါ
လောင်နေပြီ ။ခုနတုန်းကဒဏ်ရာကိုပဲအာရုံစိုက်
နေတာကြောင့် ထိုလူ မျက်နှာကိုသေချာမကြည့်မိ။ဆေးကုပြီးမှကြည့်မိတော့ထိုလူပါးပြင်နှစ်ဖက်မှာ
လက်ဖဝါးရာသေးသေးလေးတွေကတစ်ဖက်
တစ်ချက်စီမှာထင်းလို့ ၊လင်းလို့ ။သိတယ်...ဒါဟာ....
ဝမ်အမွှေစိန်ရဲ့လက်ရာဆိုတာ။ ခေါင်းနဲ့တိုက်ရုံတင်မက ပါးပါရိုက်ခဲ့တာလားဝမ်ရိပေါ်ရယ်။ဘယ်ဘဝကအငြှိုးတွေကြောင့်လဲ ။ ငါခေါင်းကျိန်းနေပြီ ။"ပါးပါး လူဆိုးကြီးသက်သာရဲ့လား ။အိ... သား
ထောင်ထဲမသွားရဘူးမလား။ အီး.....ထောင်ထဲ
ဲရောက်သွားရင်မုန့်ကောင်းကောင်းစားရမှာ
မဟုတ်ဘူး...ဟင့်..... ''"မသွားရပါဘူးကွာ။ သူသက်သာသွားပြီ။ ဒါနဲ့
ဘာလို့ သားကလူဆိုးကြီးလို့ခေါ်တာလဲ''"ဟွန်း... နှုတ်ခမ်းမွှေးတွေနဲ့ကို ။သား ပါးပါးလို
လည်းမချောဘူး။....အိပ်ပုတ်ကကြီးသေး ။ဟွန့်
အခုထိ လည်း မနိုးသေးဘူး''"သူက သတိမေ့နေတာသားရဲ့''
"သတိမေ့နေတာ!!!!''
လက်ညှိုးကလေးကို နားထင်မှာထောက် ၊နှာခေါင်း
လေးကိုရှုံ့ ၊နှုတ်ခမ်းပုစိကိုဆူထော်ပြီးစဉ်းစားနေတဲ့
ဝမ်လုံးလုံးလေး ။ဝမ်ပါးမှာ အသဲယားလွန်းလို့ပါးနှစ်ဖက်ကိုဆွဲမွ
လိုက်တော့ ဝမ်လုံးလုံးကအသံပုစိ
လေးနဲ့သူ မကြိုက်ကြောင်း အော်ပြောတော့တယ်။"အာ !! ပါး !!!ဒီမှာ သားသားစဉ်းစားနေတယ်
်လေ။လူကြီးတွေများအနှောင့်အယှက်ကိုပေးတယ်''"ဟား ဟား ပါးရဲ့ ဥာဏ်ကြီးရှင်လေးကဘာတွေ
စဉ်းစားနေတာလဲ''"သတိမေ့တယ်ဆိုတာကိုစဉ်းစားနေတာ''
"အော် သတိမေ့တယ်ဆိုတာက ပင်ပန်းလို့အကြာ
ကြီးအိပ်ပျော်သွားတာကိုပြောတာ''"သားလည်းသတိမေ့ကြည့်ဦးမှပဲ ။ ကျောင်းစာ
တွေလုပ်ရတာပင်ပန်းနေပြီ''"လူဆိုးလေး.. လာ ပါးတို့ရေသွားချိုးရအောင်''
"ဟွန့် သားကရုပ်ချောလို့ လူချောလေးပဲဖြစ်ပါ
လူဇိုးလေး အစ်(စ်)နော့ မီ''
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်