#Zawgyi
သူ့နှဖူးကို အာဘွား၃ခါပေးသွားတဲ့ ဝမ်ပုစိကြောင့်
လူဆိုးကြီးကျန့် ဟာ ဂယောင်ခြောက်ချားတွေ ဖြစ်
နေတယ်။လူဆိုးကြီးကျန့်ရဲ့ စိတ်ဝိဥာဉ်လိပ်ပြာလေးကလည်း ဝမ်လုံးလုံးလေးနောက်ကို တဖျတ်ဖျတ်နဲ့ လိုက်ပါသွားတော့တယ်။
ဝမ်ပုစိလေး အဝတ်အစားလဲပြီး ပြန်ထွက်လာတဲ့
အချိန်ကျမှ လူဆိုးကြီးကျန့်ဟာ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်တော့တယ်။"ကိုကို လက်ဖြန့်ပေး''
"ဘာလုပ်မလို့လဲ ဝမ်လေးရ''
တကယ်ပါ သူ့ကိုကိုက တုံးလိုက်တာ !!!!
လက်ချင်းတွဲပြီး လျှောက်ချင်လို့ လက်ဖြန့်ခိုင်းတာကို အူတူတူ လုပ်နေတယ်။ဒါပေမယ့်ဝမ်ပုစိ ဟာ သူ့ကိုကို ,ကိုအချစ်မပေါ့ပါဘူး။ သူ့ကိုကိုက လက်ကိုင်ဖို့တောင် မသိတဲ့
အင်နိုးစန့် အဖြူထည်လေးမလား။သားကိုကိုက အမတို့လို အချိန်တိုင်း မှောင်မနေဘူး။"ထည့်မလိုလေ ကိုကို့လက်ထဲ သားလက်လေးကို
ဟောဒီလိုထည့်မလို့''ရှောင်းကျန့် သူ့လက်ဖဝါးကြီးကြီးထဲမှာ မြုပ်နေတဲ့
ဖြူဖြူဥဥလက်နုနုလေးကို ကြည့်ပြီးကြည်နူးနေမိ
တယ်။သူ့ကလေးလေး လက်ကတကယ့်ကို နူးနူးညံ့ညံ့
လေး။"သားလက်ကို ကိုင်ထားနော် ။ လူအုပ်ထဲရောက်ရင်
လည်း ဖြုတ်မချနဲ့နော်။ ကားလမ်းကူးရင်ရောပဲ။
ကိုကို သားလက်ကိုလွှတ်ရင် သားငိုချလိုက်မှာ''အသဲယားလွန်းလို့ ကလေးနဖူးကို မနာအောင်
တောက်လိုက်တော့ ဝမ်ပုစိလေးက နဖူးလေးကိုကိုင်
ပြီး နှုတ်ခမ်းလေး တဆူဆူနဲ့ရန်တွေ့တယ်။
YOU ARE READING
Affogato
Fanfiction#Zawgyi ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့ တယ်💙 #Unicode ချစ်ခြင်းတွေကို Affogatoသိပ်ကြိုက်တဲ့ကောင်လေးနဲ့စတင်ခဲ့တယ်