11

5.1K 544 72
                                    

#Zawgyi

ရှောင်းကျန့်နဲ့ ဝမ်ပုစိ တို့အပြင်သွားမလို့ပြင်နေစဉ်မှာပဲ ဝမ်မားက သူ့အခန်းထဲကထွက်လာတယ်။

အဝတ်အစားလှလှပပ လေးဝတ်ထားတာဆိုတော့ သူလည်း အပြင်သွားမလို့ထင်ပါတယ်။

"ဝမ်လေး ဘယ်သွားမလို့လဲ''

"........''

စိတ်ကောက်နေတဲ့ဝမ်ပုစိဟာ သူ့မားမားစကားကို
မကြားချင်ယောင်ဆောင်နေတာ ကြောင့်
ရှောင်းကျန့်ကပဲ အလိုက်တသိဖြေပေးလိုက်တယ်။

"ကျွန်တော်နဲ့ Shopping Mallသွားမလို့ ဗျ''

"ဟယ် သား ဒဏ်ရာကသက်သာလို့လား။
အန်တီ့ ကိုအမှန်အတိုင်းပြော။ ဝမ်လေး အတင်း ပူဆာလို့သွားခိုင်းတာမလား။ သူ့ကိုအလိုမလိုက်နဲ့
သားလေး''

သူ့မားစကားကြားတော့ ဝမ်ပုစိက နှာခေါင်းရှုံ့ပြ
တယ်။

ဆိုလိုချင်တာက သူအစွပ်အစွဲ ခံနေရလို့ စိတ်ပျက်ပါတယ်ပေါ့။

သူ့ကလေးလေး အမူအရာကို နားလည်တဲ့
ရှောင်းကျန့်ကမြန်မြန်ဆန်ဆန်ပဲ ငြင်းတယ်။

"မဟုတ်ဘူးအန်တီ ၊ ကျွန်တော်သွားချင်လို့ပါ။
ပေကျင်းကိုရောက်တုန်းရောက်ခိုက် စိတ်ပြေလက်
ပျောက် လျှောက်လည်ချင်လို့။ ဒဏ်ရာကလည်း
သက်သာနေပါပြီ''

ဝမ်မားကိုဖြေရှင်းချက် ပေးနေရင်းနဲ့ ရှောင်းကျန့်က
ဝမ်ပုစိလက်ကို ဖွဖွလေး ညှစ်လိုက်ပြီ်း မျက်လုံးတစ်ချက်မှိတ်ပြတယ်။

စိတ်မပျက်ပါနဲ့၊ကိုကို ပြောလိုက်ပါပြီဆိုတဲ့
အဓိပ္ပါယ်နဲ့ ပေါ့။

ဒီတော့မှပဲ ဝမ်ပုစိက သက်ပြင်းမောပိစိလေးချရင်း သူ့ကိုကို ကို အပြုံးချိုချိုလေး ပြန်ပြုံးပြတယ်။
အစ်မတို့ကတော့ colgateအပြုံးပဲယူပေါ့။

"ဒါဆို အတော်ပဲ အန်တီလည်းအတူတူလိုက်ခဲ့မယ်။
မနက်ဖြန်အန်တီ့ မွေးနေ့ဆိုတော့ မုန့်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်မလို့''

"နိုး နိုး သားက ကိုကိုနဲ့ပဲသွားချင်တာ။ မားနဲ့မသွား
ချင်ဘူး''

လက်ညှိုးလေးတစ်ရမ်းရမ်း လုပ်ပြနေတာလေးနဲ့ပဲ
ရှောင်းကျန့်လိုက်လျောဖို့ လုံလောက်တယ်။

AffogatoWhere stories live. Discover now