2

7.7K 701 66
                                    

#Zawgyi

"အီး....ဒါနဲ့ ဦးလေးကြီးကဘယ်သူလဲ
တားကရောဦးလေးကြီးမေးတာကို
ဘာလို့ပြောပြနေရတာလဲ
နှုတ်ခမ်းမွှေးတွေနဲ့ ရုပ်ကလည်းဆိုးတယ်
လူဆိုးကြီး မလား...အီး....''

*မဟုတ်ဘူးလေ ဒီဝမ်လုံးလုံးဆီက အနဲဆုံးတော့
ကိုကိုလို့ခေါ်တဲ့အသံလေးကို မျှော်လင့်ထားတာ
ခုကျဦးလေးကြီးတဲ့လား ဝမ်ပုစိရယ်*

"မင်းကလည်း ဒီလောက်ချောတဲ့သူက
လူဆိုးဖြစ်စရာလား သေချာလည်းကြည့်ပါဦး''

"အီး.....ဦးလေးကြီးပုံစံက တားကြည့်နေကျ
ချူပါမန်းကားထဲက လူဆိုးကြီးအတိုင်းပဲ
အနားကပ်မလာနဲ့နော် ဒီမှာတွေ့လား
ထမင်းချိုင့် နဲ့ ဦးလေးကြီးခေါင်းကိုချော်ပစ်မှာ''

ရှောင်းကျန့်စချင်ဇောနဲ့ ဝမ်စွာတေးအနားကပ်သွား
တော့.......

အင့်.......

ရှောင်းကျန့်မှာအင့်ပဲ အော်နိုင်တယ်
ဒင်းလေးကသူ့ခေါင်းနဲ့ ဒဏ်ရာကိုနှစ်ချက်တောင်
တိုက်ပစ်တာ သေနတ်ဒဏ်ရာကိုခေါင်းနဲ့ထပ်တိုက်မိတော့သွေးတွေကမတရားထွက်လာပြီး
ရှောင်းကျန့်မှာမတ်တတ်တောင်မရပ်နိုင်ဘဲ
မေ့လဲသွားတော့တယ်

"ဟေ့ လူဆိုးဦးလေးကြီး ဟေ့ အိပ်ပျော်သွားတာလားအီး....ချူပါမန်းက ခေါင်းနဲ့ပဲတိုက်လိုက်တာ
ကိုလူဆိုးကြီးက သွေးတွေထွက်သွားပြီလား
အီး...ထပါဦး ဦးလေးကြီးရဲ့''

ဝမ်ပုလုံးလေးကသူ့ရဲ့လက်သေးသေးလေးနဲ့
လူဆိုးကြီးကိုဆွဲထူတယ် သူ့ကိုယ်သေးသေးလေး နဲ့ဆွဲမလို့မရတော့ လူဆိုးကြီးမျက်နှာပေါ်ကို
လက်ဖဝါးပုစိလေးတွေနဲ့တဖြန်းဖြန်းရိုက်ပြီးနှိုးတယ်
ဒီလောက်နှိုးနေတာတောင် အပျင်းကြီးနေတဲ့
လူဆိုးကြီးအတွက်ဝမ်လုံးလုံးက နောက်ဆုံး
လက်နက်ထုတ်သုံးရတော့မည် အိမ်မှာpa pa
အိပ်ပုတ်ကိုနှိုးမရရင် ဝမ်ပုစိကpa paကိုယ်ပေါ်သူ့ကိုယ်လုံးလေးနဲ့တက်ထိုင်ပြီး အာဘွားတွေ
ပေးပစ်တာ လူဆိုးကြီးလည်းအာဘွားကြိုက်ရင်
်ကြိုက်မှာ....

အဲ့ဒီအချိန်ဝမ်ပုစိရဲ့အကြံကိုဖျက်ဆီးလိုက်တာက
တော့ဝမ်ပါးရဲ့ခေါ်သံ.....

AffogatoTempat cerita menjadi hidup. Temukan sekarang