ရှေ့ကအကောင်ကြီးကိုကျွန်တော်မျက်ရိပ်ပြ
ကာထွက်သွားခိုင်းလိုက်သည်.
'ကောင်လေး'
ကောင်လေးသည်ခေါ်နေသော်လည်းမကြား
ဘဲတဆတ်ဆတ်သာတုန်နေပြန်သည်.
ကောင်လေးကိုဖက်ကာနှစ်သိမ့်ပေးချင်ပေမဲ့
လည်းအခြေအနေကမဖြစ်နိုင်တာ
ကြောင့်...
မထူးတော့တာမို့ကောင်လေးအကြောက်ပြေ
မည့်အချိန်ထိသာစောင့်နေရသည်.
တော်တော်ကြာမှမျက်လုံးကိုပိတ်ထားတဲ့
လက်နှစ်ဖက်ကိုဖယ်ကာ..
'An....angel
အကောင်ကြီးရော'
'မရှိတော့ဘူး'
ဘေးပတ်ပတ်လည်ကိုဝေ့ကြည့်ကာ
ဘာအကောင်မှမရှိတော့တာသေချာမှ
သက်ပြင်းကိုချသည်..
'ဟူး.......
တော်သေးတာပေါ့ ကျွန်တော်ကသေပြီ
တောင်ထင်တာ'
Angel နဲ့အကြည့်ချင်းဆုံသွားတော့
Angel ကသစ်ပင်.ပင်စည်ဆီကို
မျက်စပစ် သည်.
ကြိုးလှေကားတစ်ခုပဲ..
'အပေါ်ကိုလိုက်ခဲ့'
Angel ကတော့ခုနကလိုပဲနွယ်ပင်တစ်ခု
ကိုခိုကာတက်သွားနှင့်ပြီ..
ကျွန်တော်ကတော့ကြိုးလှေကားကနေပဲ
တွယ်တက်ရသည်ပေါ့..
°°°°°°°°°°°°°°°°°°°
ဝှါး.....အပေါ်ကထင်ထားတာထက်ကို
ကျယ်တာပဲ.
လူသုံးလေးယောက်လောက်အသာလေး
အိပ်လို့ရတယ်.
ဟင်....ဟိုရေကန်က?
ဟား.....ဒီကနေကျွန်တော်နေတဲ့နားက
ရေကန်ကိုလဲမြင်နေရတယ်..
တစ်တောလုံးကိုလည်းအပေါ်စီးကမြင်နေရတယ်.
Angel နေရာကောင်းရထားတာပဲ.
'Angel ကျွန်တော်ဒီမှာပဲနေလို့မရဘူးလား'
'မရဘူး'
'ဟင်း..'
မျက်နှာကိုစူပုပ်ပုပ်လုပ်.နှာခေါင်းကိုရှုံ့ကာ
Angel ဘေးဝင်ထိုင်လိုက်သည်.
'ဘာလို့လဲ ဒီမှာအကျယ်ကြီးပဲကို'
'မင်းအတွက်အဆင်မပြေလို့ပြောနေတာ
ကောင်လေး'
'ဟင့်အင်း အခုအဆင်ပြေနေတာပဲလေ'
'ဒီမှာ!ဖြူဖြူကောင်လေး
Jun myeon ကအဆင်မပြေဘူးဆိုရင်
အဆင်မပြေလို့ပေါ့...
မင်းအထွန့်တက်မနေပါနဲ့'
YOU ARE READING
Angel .....[Completed]
FanfictionKim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ.... Kim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ....
![Angel .....[Completed]](https://img.wattpad.com/cover/222281524-64-k450438.jpg)