제 10 회

138 19 2
                                    

မှောင်ကာကျဉ်းကျုပ်နေတဲ့လမ်းကြားအတွင်း
အမှိုက်ပုံးမြောက်မြားစွာရှိနေသည်.
ရေနုတ်မြောင်းထဲတွင်လည်းအမှိုက်များမျော
နေသောကြောင့်
ထိုလမ်းကြားကျဉ်းကျဉ်းတွင်အမှိုက်ပုပ်နံ့များ
ထောင်းထောင်းထလျက်ရှိသည်.

ထိုကြောင့်နှာခေါင်းကိုတံတောင်ဖြင့်
အမြန်ကွယ်လိုက်ရသည်.
ကျွန်တော်ဘယ်ကိုရောက်လာတာလဲ.
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
မျက်စိတစ်ဆုံးဟာတိုက်ကြိုတိုက်ကြားတွေ
ပင်....

~တီ တီ....~

ခပ်လှမ်းလှမ်းမှ
ကားဟွန်းသံတွေကိုလည်းကြားနေရသည်.
ဒီတိုက်တွေရဲ့အလွန်မှာကားလမ်းရှိမည်ထင်
သည်..

ရှေ့တွင်မြင်နေရတဲ့တိုက်ကြိုတိုက်ကြားထဲ
သို့လမ်းလျှောက်သွားလိုက်သည်.

°°°°°°°°°°°°°°°°°°°°°

ကားများစွာပြေးလွှားနေကြတဲ့ကတ္တရာ
လမ်းမကြီး.
ပလတ်ဖောင်းပေါ်တွင်လည်းလူအများအပြား
ဟာပျားပန်းခတ်အောင်သွားလာနေကြသည်

အိတ်အမဲကြီးကိုလက်တစ်ဖက်တွင်ဆွဲကာ
တစ်ဖက်ကဖုန်းပြောရင်းခပ်သုတ်သုတ်သွား
နေကြသောသူများ.
ရေခဲမုန့်ကိုလျက်ကာအမေ့လက်ကိုတွဲလို့
သွားနေကြသောကလေးငယ်များ.

စာအုပ်ဖတ်ရင်းဖြင့်ကျောင်းသို့သွားနေသော
အထက်တန်းကျောင်းသူများ.
Bus မှတ်တိုင်တွင်ထိုင်ကာ ကားစောင့်
နေကြသူများ.
အို....အသွင်ပုံစံမျိုးစုံဖြင့်ကိုလူတွေက
သူတို့လိုရာကိုသွားနေကြတာပဲ.

'ဘေးဖယ်မယ်! ဘေးဖယ်မယ်!
ကျွန်တော့်မှာပုံးတွေအများကြီးမို့
သေချာမမြင်ရလို့ ဖယ်ကြပါ!'

ထိုစဉ်ကျွန်တော့်ရှေ့တွင်ပုံးငါးခုလောက်ကို
ဆင့်သယ်ကာရှေ့သို့မမြင်မကမ်းဖြင့်
လှမ်းကြည့်ရင်းလာနေသည့်လူတစ်ယောက်

ကျွန်တော်ဘေးသို့ရွှေ့ကာဖယ်လိုက်သော်
လည်းအချိန်မမှီလိုက်ပါ.

~ဘုန်း....~

ထိုလူရော ကျွန်တော်ပါပလတ်ဖောင်းပေါ်
လဲကျသွားသည်.
ထိုလူနှင့်ပါလာတဲ့ပုံးတွေသည်လည်း
မြေပေါ်တွင်ပြန့်ကျဲလို့.
တော်သေးသည်က ပုံးတွေသည်အသေပိတ်
ထားသောကြောင့်ပင်..
မဟုတ်ရင် ကျသွားတဲ့ပစ္စည်းတွေကောက်ရမှာကမသက်သာလှ.

Angel .....[Completed]Where stories live. Discover now