제 13 회

137 23 9
                                    

မိုးလင်းနေပြီဖြစ်သော်လည်း သဲငယ် သည်
နှစ်ခြိုက်စွာအိပ်ကောင်းတုန်းပင်.

မျက်ခွံတို့ကအသာချထားပေမယ့်
နှုတ်ခမ်းရဲရဲတွေကတော့ကွေးညွှတ်လို့.
ကြည့်ရတာ အိပ်မက်တွေကောင်းနေသည်
ထင်သည်.

သဲငယ် ကိုကြည့်နေရင်းမှမနေ့ နေ့လည်
ကအကြောင်းခေါင်းထဲဝင်လာ၏.
မနေ့ကကျွန်တော် သဲငယ် ကို
အမှတ်မထင်ဖက်လိုက်မိသည်.

တကယ်ဆို ကျွန်တော့်လက်တွေက
သဲငယ် ကိုယ်ထဲကျွံဝင်သွားရမှာပေမယ့်
မနေ့ကတော့သာမာန်လူတွေလိုပင်ဖက်လို့
ရနေခဲ့သည်.

ဘယ်လိုဖြစ်တာပါလိမ့်.
တစ်ခုခုတော့လွဲနေတာသေချာတယ်.

'ဟူး....'

သက်ပြင်းချကာသဲငယ်ဆီမှအကြည့်တို့
ကိုဘေးဘက်ကမြင်နေရတဲ့ရေကန်ဆီသို့
ပို့ပစ်လိုက်သည်.

*jun myeon မင်းသိပြီးပြီလား*

*ဘာကိုလဲ*

*ဒီကောင်လေးကအစားထိုးဖို့ရောက်
လာတယ်ဆိုတာ*

ရုတ်တရက်ပြန်ကြားယောင်လာတဲ့
စကားသံတွေ.
ဟိုတလောက minho နဲ့ကျွန်တော်
ထိုရေကန်အနီးမှာပြောဖြစ်ခဲ့သည့်အကြောင်း
အရာတွေပင်.

ဟုတ်တယ်! အစားထိုးဖို့.
ဒီပုံအတိုင်းဆို သဲငယ် ရောက်လာတာ
က.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မဟုတ်မှ ကျွန်တော့်နေရာမှာအစား
ဝင်ဖို့များလား.

°°°°°°°°°

အရင်တစ်ခါကရေတံခွန်နောက်မှာရှိတဲ့
ဂူထဲတွင်ကျွန်တော် minho
ကိုကျောက်တုံးတစ်တုံး၌ထိုင်ကာစောင့်
နေသည်.

သရဲတစ်ကောင်လွှတ်ကာ minho
ကိုရှာပြီးဒီလာခိုင်းထားသည်လေ.

မကြာလိုက်ပါ.
ဂူထဲသို့ဝင်လာသည့်ခြေသံကိုကြားလိုက်
သည်.

'Jun myeon မင်းငါ့ကိုခေါ်
တယ်ဆို'

ပြောရင်းနဲ့ပင် minho သည်
ဘေးကကျောက်တုံးတွင်ဝင်ထိုင်သည်.

Angel .....[Completed]Where stories live. Discover now