Sehun သစ်ပင်အောက်ထိုင်ကာ
သစ်ကိုင်းတစ်ကိုင်းကိုကိုင်လို့မြေပြင်ပေါ်
စိတ်ထင်ရာလျှောက်ခြစ်နေမိသည်.
ကျွန်တော်ပျင်းနေပါပြီ.
တော်တော့်ကိုပျင်းနေပြီ..
ကျွန်တော့်ရဲ့အိမ်ကိုလွမ်းတယ်.
အိပ်ရာထဲမှိန်းရင်းဆော့နေကျဖုန်းလေးကို
လည်းလွမ်းတယ်.
ခြေထောက်နားကပ်ကာရစ်သီရစ်သီလုပ်
တတ်တဲ့ခွေးပေါက်စ vivi ကိုလည်း
လွမ်းတယ်.
သူငယ်ချင်းတွေကိုလည်းလွမ်းတယ်..
အား....အကုန်လုံးကိုလွမ်းတယ်ဗျာ.
ဒီကြားထဲခုတလော နေလို့ကလည်း
မကောင်းဘူး.
ကျွန်တော်ဘာလို့ဒီကိုရောက်လာရတာလဲ.
Angel ပြောပုံအရဆိုရင်ကျွန်တော်
ကသေသေးတာမှမဟုတ်တာ.
ဘယ့်နှယ့်ကြောင့်သေပြီးသားသူတွေပဲရှိ
တဲ့ဒီတောထဲရောက်လာရတာလဲဆိုတာ
ဘယ်လိုပဲစဉ်းစားစဉ်းစားအဖြေမထွက်ပါဘူး
'ဟူး........'
သက်ပြင်းကိုချလို့စိတ်ပျက်ပျက်နဲ့
ခေါင်းကိုမော့လိုက်တော့ angel သည်
သစ်ကိုင်းကြီးကြီးတစ်ခုမှာထိုင်လို့မှိန်းနေ
သည်.
'Angel!!'
ခေါင်းကိုမော့ကာ angel ကြားနိုင်
ရန်အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်.
မှိတ်ထားတဲ့ angel မျက်လုံးလေး
တွေပွင့်လာကာကျွန်တော်ရှိရာအောက်ဘက်
ကိုခေါင်းငုံ့လို့လှမ်းကြည့်လာသည်.
ဘာလဲ.ဆိုသည့်သဘောဖြင့် angel
မေးဆတ်ပြလေတော့
'Angel ဒီမှာ နေရောင်ကောင်း
ကောင်းရတဲ့နေရာမရှိဘူးလား'
'မရှိဘူး'
'ကျွန်တော်ခုတလောနေလို့မကောင်းဘူးဗျ
နေရောင်နဲ့မထိရတာကြာတော့လူက
ဘယ်လိုကြီးဖြစ်နေမှန်းကိုမသိဘူး
အဲဒါ နေပူဆာလေးနည်းနည်းလှုံလိုက်ရရင်
သက်သာမယ်ထင်တယ်'
အင်း..လူသားတွေအတွက်တော့နေရောင်
ခြည်ကသဘာဝကပေးတဲ့ဆေးတစ်မျိုးပဲ.
နေရောင်ခြည်ကရောဂါပိုးတွေကိုသေစေနိုင်
ပြီးရောဂါတော်တော်များများကိုဓာတ်ကင်
ခြင်းသဘောမျိုးဖြင့်ပျောက်ကင်းစေနိုင်သည်
ဟုကြားဖူးသည်.
YOU ARE READING
Angel .....[Completed]
FanfictionKim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ.... Kim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ....
![Angel .....[Completed]](https://img.wattpad.com/cover/222281524-64-k450438.jpg)