제 12 회

146 23 10
                                        

ဆေးရုံခန်းတံခါးကမှန်ဘောင်လေးထောင့်
ကွက်လေးကနေတစ်ဆင့်အခန်းတွင်းရှိနေတဲ့
Omma ကိုကြည့်နေမိသည်.

Omma သည်မိုးပြာရောင်ခြည်လုံးတစ်လုံးမှ
ချည်မျှင်ကိုသစ်သားတုတ်တွင်ရစ်ကာ
နောက်တစ်ချောင်းဖြင့်ထိုရစ်ထားတဲ့
ချည်မျှင်ကြားထိုးပြီးချည်ထိုးလို့နေသည်.

ချည်ထိုးရင်းမှလှဲလျောင်းနေတဲ့ကျွန်တော့်
ခန္ဓာကိုယ်ကိုလည်းလှမ်း.လှမ်းကြည့်
နေသေးသည်.

တောင်းပန်ပါတယ် omma
သား omma ကိုအလုပ်ပိုစေမိပြီ.
အဲဒီနေ့က omma သားကို
အရမ်းစိတ်ပူခဲ့တယ်မလား.
အဲဒီအတွက်လည်းထပ်ပြီးတောင်းပန်
ပါတယ်.

သားမဆင်မခြင်လုပ်ခဲ့မိတဲ့ကိစ္စကြောင့်
အခုလိုတွေဖြစ်လာတာသားတကယ်
နောင်တရတယ်.
အားလုံးသားအမှားတွေပါ.
သားအတွက်တစ်ဦးတည်းသာရှိတဲ့
Omma ကိုတခြားလူဆီထည့်မပေးနိုင်တဲ့
သားအတ္တကြောင့်ခုလိုတွေဖြစ်လာရတာ.

တကယ်ဆို
Omma လည်းလက်တွဲဖော်ကောင်းတစ်
ယောက်လောက်ရှာသင့်ပါတယ်.
သားလည်းတစ်ချိန်ချိန်မှာအိမ်ထောင်တွေကျ
ပြီး omma အနားကထွက်သွား
တာမျိုးတွေဖြစ်လာနိုင်တယ်မလား.

မဖြစ်နိုင်ဘူး လို့ဘူးခံငြင်းလို့လည်းမရဘူး
လေ.
ကံကြမ္မာဆိုတာသိမှမသိနိုင်တာကိုး.
သားအတွေးတိမ်သွားတာပါ.

တွေးနေရင်းမှ omma ကချည်ထိုးတာရပ်
ပြီးကုတင်ဆီကိုသွားခဲ့တာကြောင့်
ကျွန်တော်လည်းအတွေးစပြတ်ကာ
ကုတင်ဆီကိုအကြည့်ပို့မိသည်.

ကုတင်ပေါ်ကကျွန်တော့်ရဲ့လက်ချောင်းလေး
တွေလှုပ်နေသည်.
Omma ကထိုလက်ချောင်းလေးတွေကို
အပေါ်မှထပ်ကာလက်တစ်ဖက်ဖြင့်
ဆုပ်ကိုင်လိုက်ပြီးနောက်လက်တစ်ဖက်က
ကျွန်တော့်ရဲ့နဖူးစပ်ကဆံစလေး
တွေကိုသပ်တင်ပေးနေသည်.

မျက်လုံးတွေမှိတ်ထားတဲ့ကျွန်တော့်
မျက်နှာဖြူရော်ရော်ကိုကြည့်နေတဲ့ omma
ကမျက်ဝန်းတွေရောနှုတ်ခမ်းတွေကပါ
နွေးထွေးစွာပြုံးလို့.

Angel .....[Completed]Where stories live. Discover now