제 7 회

147 24 10
                                        

မိုးလည်းအတော်ချုပ်လာပြီဖြစ်၍
ပတ်ဝန်းကျင် သည်.တစိမ့်စိမ့်.နှင့်အေး
နေလောက်ပြီ..

အေးနေလောက်ပြီ လို့ဘာလို့မတိမကျကြီး
ပြောရတာလဲဆိုတော့ကျွန်တော်က
အအေးဓာတ်ကိုခံစားလို့မှမရတာ.

ကောင်လေးကိုကြည့်တော့
ကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ကာကွေးကွေးလေး
ထိုင်နေလေသည်.
သေချာနေပါပြီ.ပတ်ဝန်းကျင်ကတော်တော်
အေးလာပြီပဲ.

'ကောင်လေး မင်းနေခဲ့ရဲလား
ကိုယ်အပြင်ခနသွားဦးမယ်'

ကိုယ်ကိုကျုံ့ကာလက်နှစ်ဖက်ဖြင့်
ကိုယ့်ကိုကိုယ် ပိုက်ထားရာက
ကညွန်တော့်ဘက်လှည့်ကာခေါင်းငြိမ့်ပြ
သည်.

'အင်း မြန်မြန်တော့ပြန်လာခဲ့'

ကောင်လေးကိုခေါင်းငြိမ့်ပြခဲ့ကာ ရေတံခွန်
နောက်ကနေထွက်လာလိုက်သည်.

သစ်ကိုင်းခြောက်တွေကိုရှာရမှာပဲ.
အင်း..ဒီအနီးတဝိုက်မှာတော့ဘယ်လိုမှမရှိနိုင်ဘူး.
တောအစွန်ကိုသွားမှဖြစ်မည်.
အဲမှာကအစွန်ဆုံးကျနေတာကြောင့်နေ့
အချိန်ဆိုလျှင်တောပြင်ပကနေရောင်ခြည်ကို
အနည်းငယ်ရသည်.

ရပ်နေရာက.ဝှီးခနဲ ဆိုကာတောအစွန်ဆီကိုလေအဟုန်ဖြင့်ပျံသွားလိုက်သည်.

°°°°°°°°°°°°°°°°°°°

တောအစွန်ဘက်ကိုရောက်တော့
ထင်တဲ့အတိုင်းပင်သစ်ကိုင်းခြောက်တွေက
အများအပြားရှိနေသည်

နှုတ်ခမ်းလေးကွေးကာပြုံးလိုက်ရင်း
သစ်ကိုင်းတွေရှိရာဆီကိုသွားလိုက်သည်.

မြေပြင်ပေါ်ကျနေတဲ့သစ်ကိုင်းခြောက်တွေကို
ကောက်နေရင်းတံတောင်ဆစ်ဆီက
ရှိန်းခနဲ ပူသွားမှုနှင့်အတူ စပ်ဖျင်းဖျင်းခံစား
လိုက်ရတာကြောင့် လက်ထဲရှိနေတဲ့
သစ်ကိုင်းခြောက်တွေကိုပင်လွှတ်ချလိုက်
မိသည်အထိ.

နောက်လှည့်ကြည့်လိုက်တော့
တောနှင့် ပြင်ပကိုခြားထားတဲ့အနီရောင်
ကြားခံလွှာပါးပါးလေးကလှုပ်ရမ်းလို့နေ
သည်.

အဲဒါကြောင့်ပဲကျွန်တော်တို့ဒီတောထဲက
ထွက်မရဖြစ်နေရတာ.
အော်...ကျွန်တော်လည်းကောင်လေး
ကြောင့်နဲ့သတိလက်လွတ်တွေတောင်ဖြစ်
ကုန်ပါရောလား..

Angel .....[Completed]Where stories live. Discover now