'အား........'
Sehun အိပ်ပျော်နေရာမှအလန့်တ
ကြားနိုးလာသည်.ဘယ်လိုအိပ်မက်ကြီးလဲ.
ချောက်ထဲပြုတ်ကျသွားတဲ့ကားတစ်စီး
ထိုကားပေါ်မှာပါသွားတဲ့လူတစ်ယောက်.
သူကဘယ်သူမို့လို့ကျွန်တော်ကဒါကို
အိပ်မက်ထဲထည့်မက်နေရတာလဲ.'ကောင်လေး'
ခေါ်သံကြားတာကြောင့်ဝေ့ဝဲကြည့်တော့
ကျွန်တော့ဆီကိုဦးတည်လာနေတဲ့ angel.
အလင်းရောင်မှိန်မှိန်မှာမြင်နေရတဲ့
Angel ရဲ့မျက်ဝန်းတွေစိုးရိမ်ရိပ်သန်းနေသလားလို့.'မင်းအဆင်ပြေရဲ့လား
ခုနကအိပ်မက်ဆိုးတွေမက်နေတယ်ထင်
တယ်'ကျွန်တော့်ဘေးတင်ပလ္လင်ခွေဝင်ထိုင်လိုက်
ရင်းပြောသည်.
စိုးရိမ်နေတဲ့မျက်ဝန်းတွေက ကျွန်တော့ကို
ကြည့်ရင်း..'အာ.......ကျွန်တော်အဆင်ပြေပါတယ်'
သွားစွယ်လေးတွေပေါ်အောင်ပြုံးကာ
အဆင်ပြေပါတယ်ပြောမှစိတ်သက်သာရာ
ရသွားသည်ထင်.
နောက်ကျောကသစ်ပင်.ပင်စည်ကိုမှီကာ
မျက်လုံးတို့ကိုမှိတ်ချလိုက်သည်.••••••••••••••••••
ဒီတောကြီးထဲတကယ်ပျင်းစရာကောင်း
သည်.
ကျီကျီကျာကျာ မြည်တဲ့ငှက်တွေလည်းမရှိ.
တိရစ္ဆာန်လို့ကိုတစ်ကောင်တစ်လေမှ
မတွေ့တော့တိတ်ဆိတ်နေလိုက်တာဆိုတာ
ခြောက်ခြားစရာကောင်းသည်.တစ်ယောက်တည်းရှိတဲ့ angel က
လည်းအမြဲဘေးမှာရှိမနေတော့စကားပြော
ရအောင်ကလည်းအဆင်မပြေ.တစ်ခါတစ်လေရောက်လာပါတယ်.
ပြီးကျတော့ပြန်ပျောက်သွားတာပဲ
ဘယ်ချိန်ပျောက်သွားလို့ပျောက်သွားမှန်းတောင်မသိလိုက်ဘူး.
တကယ်လူမှုရေးခေါင်းပါးတာပဲ.တကယ်ဆိုကျွန်တော်ကဒီမှာဧည့်သည်
တစ်ယောက်ပါ.
အိမ်ရှင်ဖြစ်တဲ့တစ်ဦးတည်းသော angel
ကကျပစ်ထားတယ်.
တစ်ခြားသူတွေရှိလားဆိုရင်လည်း
မရှိပြန်ဘူး.
ဒါကတော့ angel လွန်တယ်လို့
ကျွန်တော်ထင်တယ်.ပျင်းလွန်းလို့လမ်းလေးလျှောက်လာမိပါ
တယ်.
တစ်ဖြည်းဖြည်းနဲ့မြင်ကွင်းထဲရေါက်လါတဲ့
သစ်ပင်ကိုကြည့်ပြီးငိုတောင်ငိုချင်
သွားတယ်.
YOU ARE READING
Angel .....[Completed]
FanfictionKim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ.... Kim jun myeon ဆိုတဲ့ခင်ဗျားက ဘာပဲဖြစ်နေဖြစ်နေ...... ကျွန်တော့အတွက်တော့ နတ်သားလေး တစ်ပါးပါပဲ....