"ကျန့် အာ ပါပါး စကားကို မင်းအရေးမလုပ်တာလား ပြော..
မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့ လို့ ပါပါးပြောပြီးပြီလေ"ရှောင်းသခင်ကြီးတစ်ယောက် ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ အစာစားဖို့ ငြင်းနေတဲ့ ဖြူဖျော့ဖျော့ အရိပ်လေးကို စိုးရိမ်စိတ်နဲ့ မာန်လိုက်မိသည်
"စားစရာရှိတာစား Xiao zhan ပါပါး မင်းကို ဒေါသမထွက်ချင်ဘူး အခုထစားလေ ရှောင်ရှောင်းကျန့် အခုထ"
တစ်သက်လုံး သားလေးကို မမာန်စဖူး မာန်လိုက်ရသည့်အတွက် စိတ်မကောင်းသော်လည်း မတတ်နိုင်။
ဒီကလေးကိုက ဆိုးလွန်းတာ
မိတဆိုးလေး ရောဂါသည်လေး တစ်ဦးတည်းသောသားလေး ဆိုပြီး သူတကယ်ပဲ ကျန့် အာလေး ဖြစ်ချင်တာတွေ အကုန်ဖြည့်ဆည်းပေးခဲ့ပါတယ်
ဒါပေမယ့် အခုက ဒီကလေးထင်သလို မလွယ်ဘူး..သားကို ကမ္ဘာပေါ်မှာ အချစ်ဆုံးပါလို့  ကြွေးကြော်ထားတဲ့ ပါပါးက မပြောစဖူး လေသံမာမာနဲ့ ပြောတော့xiaozhan တကယ်လန့် ပါ၏။
"ပါပါး သားကို မအော်ပါနဲ့  သားစားပါ့မယ်"
တကယ်တော့ xiao zhan ပါပါးကို ဆန္ဒပြပြီး မစားတာမဟုတ်..လူက တကယ်ရင်ထဲနေလို့ မကောင်းဖြစ်နေတာပင်..
ပါပါးကိုကြောက်လို့ ထစားဖို့ ကြိုးစားလိုက်သော်လည်း လူကမဟန် ဇွန်းကိုင်ထားတဲ့ လက်တွေကကလဲ အတုန်တုန်အယင်ယင်နဲ့ မို့ xiaozhan ကိုယ့်ကိုကိုယ်လည်း စိတ်မရှည်ပါ"ကျစ်..စားရပါမယ်ဆိုမှ.."
စားနေရင်းနဲ့ မှ ရင်ထဲမှာ အရမ်းနေလို့ မကောင်းဖြစ်လာတော့ မျက်ရည်များကလဲ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။
ရှောင်ပါပါး ဆန်ပြုတ်ထစားတဲ့သူ့ သားလေးကိုကြည့်ပြီး အစာတော့ဝင်ပြီ ဆေးသေချာတိုက်ရမယ်လို့ ပဲ တွေးရသေး..
ကလေးလေးက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ရင်ဘတ်လေးကို လက်နဲ့ ဖိပြီး အသက်ကို အနိုင်နိုင်လုရှူနေတာ တွေ့ ရတော့ သူ့ ရင်ဝကို ဆောင့်ကန်လိုက်သလို..
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..